ကျောင်းဆင်းချိန်
ရေးသားသူ နောင်ရဲ
"မွန်... မွန်... မဟုတ်လား..."
"ဟင်... နောင်... အဲ... နောင်ရဲ..."
"မတွေ့ရတာ ကြာတော့ ရုတ်တရက် မမှတ်မိလိုက်ဘူး... ဘယ်သွားမလို့လဲ..."
"ငါ့ကလေး သွားကြိုမလို့ဟ... ဒီနေ့ ငါ့အလုပ်က ပိတ်တော့ နေ့လည်စာ အပြင်မှာ စားပြီးမှ သွားကြိုမယ် ဆိုပြီး ထွက်လာတာ..."
"စားပြီးပြီလား... မစားရသေးရင် ငါနဲ့ အတူ စားရအောင်လေ... အချိန်ရော ရသေးလား..."
"ရပါတယ်... သားက ညနေ သုံးနာရီလောက်မှ လွှတ်မှာ..."
"ဒါဆို လာခဲ့... ဟိုနားက တရုတ်စားသောက်ဆိုင်လေး ကောင်းတယ်... သွားစားရအောင်..."
မွန်မွန်နှင့် နောင်ရဲသည် ငယ်သူငယ်ချင်းတွေ၊ အိမ်လည်း နီးသောကြောင့် အမြဲ ဆော့ဘက်။ ကြီးလာတော့လည်း ရည်းစားဖြစ်ခဲ့ကြသည်။ ဆန့်ကျင်ဘက် လိင်ရဲ့ ခန္ဓာဗေဒကို အချင်းချင်း လေ့လာခဲ့ကြသည်။ ၆ နှစ်လောက် တွဲပြီးမှ၊ မွန်မွန်သည် သူ့အဖေရဲ့ တဘက်သတ်စီစဉ်မှုဖြင့် တခြားသူနှင့် အိမ်ထောင်ကျသွားခြင်း ဖြစ်သည်။ သူ့ယောက်ျားက နယ်လှည့်ဈေးရောင်းသူ။ ပိုက်ဆံရှိ လူတန်းစားထဲကပေါ့။ ဟုတ်သည်လေ။ လောကမှာ ဒုတိယ ဘုရားသခင် ဖြစ်တဲ့ ငွေ မျက်နှာပဲ ကြည့်တာကိုး။ ဒါနဲ့ပဲ မွန်မွန်နှင့် နောင်ရဲ အဆက်အသွယ်ပြတ်သွားသည်မှာ ၅ နှစ်ခန့် ရှိပြီလေ။
"လာ... မွန်... ဒီဆိုင်လေး စားကောင်းတယ်... ငါ အမြဲ လာစားဖြစ်တဲ့ ဆိုင်လေး... ဒီဆိုင်က ကြက်ချိုချဉ်နဲ့ ဝက်ပဲငပိလေး မဆိုးဘူးဟ... နင်ကြိုက်လောက်မယ်..."
"အေးပါ... ဘာဖြစ်ဖြစ် ရပါတယ်... နောင်... ငါ နင်နဲ့ သီးသန့်စကားပြောချင်လို့..."
"အင်း... ရတယ်လေ... ဒီမှာ သီးသန့်အခန်းကျဉ်းလေးတွေလည်း ရှိတယ်... အဲ့မှာ စားမလား..."
"အင်း... ဟင်းကတော့ နင်ပဲ မှာလိုက်တော့... ငါမစားဖူးတော့ မသိဘူး..."
"အေးပါ... ငါ့တာဝန်ထား... ညီလေးရေ... အစ်ကိုတို့ကို သီးသန့်ခန်းလေး ရနိုင်မလား..."
"ဟုတ်... ရပါတယ်... အစ်ကို... ဒီဘက်ကို ကြွပါ..."
စားပွဲထိုးကောင်လေး စီစဉ်ပေးတဲ့ အခန်းလေးထဲ ဝင်လိုက်သည်။ အခန်းက သီးသန့်ခန်းဆိုသော်လည်း လင်းလင်းရှင်းရှင်း၊ အခန်းတံခါးပိတ်ထားသော်လည်း အတွင်းအပြင်ကို မြင်နိုင်သည်။ စကားသီးသန့်ပြောဆိုလို့ ကောင်းမည့် နေရာလေးပါ။ ဒီလိုနဲ့ နောင်ရဲ မှာပေးသည့် ဟင်းများရောက်လာတော့ ထမင်းစားကြသည်။ အအီပြေ ဝက်ကြံမဆိုင်ဟင်းရည်ချဉ်ချဉ်လေးလည်း ပါလို့ ထမင်း စားကောင်းသည်။
"ကဲ... ဆို... မွန်... နင် ငါ့ကို ရင်ဖွင့်စရာ ရှိနေပြီလား..."
"ဟင်... နင် ဘယ်လို သိလဲ..."
"နင်ကလည်း ငါနဲ့ နင်နဲ့က ဟိုးအရင်ထဲက ပေါင်းလာတာ... ရှင်းရှင်းပြောရင် အတူနေဘို့ အထိတောင် စဉ်းစားထားကြတာမလား... နင့်မျက်နှာကြည့်တာနဲ့ ငါ အကဲခတ်တတ်ပါတယ်ဟ..."
"နင့်ကို အားနာလိုက်တာ နောင်ရာ... ငါ့ကို စိတ်မဆိုးဘူးလား..."
"မဆိုးပါဘူးဟ... နင် ငါ့ကို မုန်းလို့ ထားခဲ့တာမှ မဟုတ်တာ... နင်အဆင်ပြေရင် ပြီးရော..."
"ကျေးဇူးပါ... နောင်..."
"ကဲ... ဆို... နင် ဘာတွေ ဖြစ်နေလဲ..."
"ဒီလိုဟ... ငါ အခု အိမ်ထောင်ကွဲသွားတာ ၄ လ လောက်ပဲ ရှိသေးတယ်..."
"ဟင်... ဘယ်လို ဖြစ်တာလဲ မွန်... နင့်အပေါ် ဟိုလူက မကောင်းလို့လား... နင်ကလည်း ကလေး ရနေပြီးတော့မှ ဘယ်လို ဖြစ်တာလဲဟာ..."
"သားလေး ရတဲ့အထိက အေးဆေးပါဟာ... သားလေး ကျောင်းတက်တော့မှ ဖြစ်တာ..."
"ဟာ... ဘာဖြစ်တာလဲ... ဟိုလူက နောက်တစ်ယောက်နဲ့ ဖောက်ပြန်လို့လား..."
"ဟင့်... ဟိုလူ မဟုတ်ဘူး... ဖြစ်တာ ငါ..."
"ဘာ... ဘယ်လိုဖြစ်တာလဲ မိမွန်ရယ်... ငါ လုံးဝ မထင်ထားမိဘူး..."
"ဟင့်... ဟင့်..."
"ပြောပါဦး... ဘယ်လိုဖြစ်တာလဲ..."
"ဒီလိုဟာ... ငါ သူနဲ့ အိမ်ထောင်ကျပြီးထဲက နင့်အပေါ် ထားတဲ့ စိတ်တွေ အကုန်လုံး ငါ ဖျောက်ထားခဲ့တယ်... သူ့အပေါ်လည်း မိန်းမပီသစွာ ငါ နေခဲ့တယ်... သားလေး မွေးလာတော့လည်း ငါ့အတွက်က အချစ် မရှိပေမယ့် ဘဝက ပြည့်စုံနေတယ်ဆိုတဲ့ အထဲမှာ ပါတယ်... ဒါပေမယ့်... နောင်... ငါ... နင့်ကို အဆုံးစွန်အထိ ရင်ဖွင့်လို့ ရလားဟင်..."
"မွန်... ငါ့ဘဝက နင့်ကို ပေးထားတာ ဟိုးငယ်ငယ်ထဲက... နင်လိုအပ်ချိန်တိုင်း ငါရှိတယ်... ငါ့ကို ဟိုးအရင်လိုပဲ ယုံကြည်တယ်ဆို ပြောလို့ ရတယ်..."
"ကျေးဇူးပါ... နောင်... ဒီလိုဟာ... ငါ့ယောက်ျားက မိဘပေးစားလို့သာ ယူလိုက်ရတာ ငါ့ထက် အသက်ကြီးတာ နင်သိတယ်မလား..."
"အေးလေ... ဘယ်နှစ်နှစ် ကြီးမှန်းသာ မသိတာ..."
"၁၅ နှစ်ကျော်လောက် ကြီးတယ်ဟ..."
"ဟာ... အဲ့လောက်ထိ အသက်ကြီးလား..."
"အေးဟယ်... ငါ အပွင့်လင်းဆုံး ပြောမယ်နော်... နင်နဲ့ ငါကလည်း ဟိုးအရင် အရမ်း ပွင့်လင်းခဲ့တာ ဆိုတော့..."
"အေးပါ..."
"ငါ အိမ်ထောင်ရေး မသာယာဘူးဟယ်... နင်နဲ့လည်း ဖြစ်ခဲ့ဖူးတော့ ငါက ဒါဟာ ဘယ်လောက်ထိ သာယာမှု ရှိလဲ ဆိုတာ သိနေတယ်လေ... အိမ်ထောင်ကျခါစကတော့ ငါ့အပေါ် ဖြည့်ဆည်းပေးနိုင်ပါတယ်... သားလေးလည်း ရရော... သူလည်း အသက်ကြီးလာတာလည်း ပါမယ်... အဲ့အပိုင်းတွေ လျော့လာတယ်ဟယ်..."
"ဒါနဲ့ပဲ နင်က ဖောက်ပြန်တယ်ပေါ့လေ..."
"နင်ကလည်း ငါက အဲ့လို လုပ်မလားဟယ်... ငါလည်း ဆင်ခြင်ပါတယ်ဟ... ဒါ့ပေမယ့်ဟာ..."
စကားပြောတာ ခဏနားလိုက်ပြီး ရေသောက်နေသော မွန်မွန့်ကို နောင်ရဲသည် စာနာသနားသော၊ ချစ်ခင်နေသော၊ ကြင်နာသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရေသောက်ပြီးမှ မွန်မွန်သည် စကားပြန်ဆက်လေသည်။
"ဖြစ်တာကတော့ သားလေး အသက် ၃ နှစ်ပြည့်လို့ မူကြို စထားတဲ့ အချိန်ပေါ့ဟာ..."
"အင်း... ဘယ်သူနဲ့ ဖြစ်တာလဲ..."
"သားလေးတို့ ကျောင်းကပဲ... သားလေးနဲ့ အတူတူ တက်နေတဲ့ ကလေးအဖေနဲ့ ဖြစ်တာ..."
"ဟာ... မွန်ရယ်... ဖြစ်ရလေ... ဆက်ပြောပါဦး..."
"အစကတော့ ကလေးမိဘချင်းဆိုတော့ ရိုးရိုးသားသားပဲ ခင်တာပါ... နောက်တော့ သားလေးကလည်း အဲ့ကောင်လေးကို တအားခင်တော့ ညနေ ကျောင်းလွှတ်တာနဲ့ ကျောင်းနားက ပန်းခြံမှာ သွားဆော့ကျတယ်ဟယ်... သူကလည်း ညဘက်မှ အလုပ်လုပ်ရတဲ့ သူဆိုတော့ သူ့မိန်းမကလည်း ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးထဲကပဲဟ... အဲ့ဒီတော့ ကျောင်းဆင်းချိန်တိုင်း ကလေး နှစ်ယောက်နဲ့ ငါတို့ နှစ်ယောက်က အတူတူ ရှိနေတာပေါ့..."
"အင်း... အနေနီးလာတော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားကြတာပေါ့လေ..."
"အဲ့လိုပဲ ဆိုရမှာပေါ့ဟယ်... ငါ့ယောက်ျားကလည်း နယ်ဘက်ပဲ တချိန်လုံးသွားနေတာဆိုတော့... ပွင့်ပွင့်လင်းလင်း ပြောရင် ငါ့ဆန္ဒတွေအတွက် သူ့ကို တောင့်တမိတယ်ဟယ်..."
"နင်က ဆန္ဒတွေကို မြိုသိပ်ထားတတ်ပေမယ့် မျက်လုံးက စကားပြောတတ်တယ်..."
"အင်း... ဒါကိုလည်း ဟိုလူ သိသွားပုံရတယ်... တစ်ရက်တော့ ကလေးတွေ ကျောင်းဆင်းလာတော့ မိုးရွာနေပြီလေ... ဟိုလူကလည်း မလာသေးဘူး... အဲ့ဒါနဲ့ ငါလည်း ကျောင်းနဲ့ နီးနေတဲ့ ငါ့အိမ်ကိုပဲ ခေါ်သွားလိုက်တယ်... သူ့ကိုတော့ ဖုန်းဆက်ပြီး ပြောလိုက်တာပေါ့... နာရီဝက်လောက်နေမှ ဟိုလူလည်း ရောက်လာပြီး သူ့ကလေးကို ခေါ်သွားတယ်... အဲ့နောက်ပိုင်း ငါက သူ့ကလေးကို ငါ့အိမ်မှာ ခေါ်ပြီး သားလေးနဲ့ ဆော့ခိုင်းတာပေါ့... နောက်ပိုင်းတော့ သူလည်း ငါ့အိမ်ကို လိုက်လာပြီး ကလေးတွေ အတူတူ ဆော့နေချိန်... ငါတို့က ကော်ဖီသောက်ရင်း စကားပြောကျတာပေါ့ဟယ်..."
ဘာမှ မပြောပဲ သူပြောသမျှကို ငြိမ်ပြီး စိတ်ဝင်စားစွာ နားထောင်နေသော နောင်ရဲကို ကြည့်ပြီး မွန်မွန်သည် ရေသောက်ကာ စကားဆက်ပြောပြန်သည်။
"ဒီလိုနဲ့ တစ်လလောက် ကြာလာတော့ ကလေးတွေကလည်း ကျောင်းဆင်းတာနဲ့ ငါ့အိမ်မှာ ဆော့... ပြီးတော့ ပင်ပန်းပြီး အိပ်... သူတို့ ပြန်နိုးလာမှ ဟိုလူက အိမ်ပြန်နဲ့... ပုံမှန်လို ဖြစ်နေပြီပေါ့... တစ်ရက်မှာတော့ ကလေးတွေက ဧည့်ခန်းထဲမှာ အိပ်ပျော်သွားပြီဆိုတော့ ငါတို့လည်း ကော်ဖီသောက်ထားတာမို့ ပန်းကန်တွေ ဆေးဘို့ မီးဖိုချောင်ကို သယ်သွားတယ်... ငါ ခွက်တွေ ဆေးနေတုန်း... ငါ့အနောက်ကနေ ငါ့ကို သိုင်းဖက်တာကို ခံလိုက်ရတယ်... ပြီးတော့ ငါ့ကို ဆွဲလှည့်ပြီး နမ်းတယ်ဟယ်..."
"ဟင်... နင်က မအော်ဘူးလား... မတွန်းဘူးလား..."
"အဲ့အချိန်မှာ ငါ အော်ဘို့ နေနေသာသာ... ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်းတောင် မသိဘူး..."
"အင်း... နင်က အစထဲက သူ့ကို စိတ်ဝင်စားနေမိတာကိုး..."
"ငါ့စိတ်နဲ့ ငါ့ကိုယ် ပြန်ကပ်ချိန်မှာ ငါ သတိထားမိတာက ငါ့... ငါ့ညီမလေးထဲကို သူ့ဟာကြီး ဝင်နေပြီဟယ်... ငါတို့ ဘယ်လိုဘယ်လို ကုတင်ပေါ် ရောက်သွားမှန်းလည်း မသိတော့ဘူး..."
"နင်ကတော့ မပြောချင်တော့ဘူး... အရင်အတိုင်းပဲနော်..."
"ငါ ပြောတာ နားထောင်ပါဦးဟယ်..."
"အေးပါ... အေးပါ... ဆက်ပြော..."
"အဲ့နေ့က စပြီး ငါတို့တွေက ပေါက်တဲ့ နဖူး မထူးတော့ပါဘူးဆိုပြီး နေ့တိုင်း အကြိမ်ကြိမ် အခါခါ လုပ်မိနေတော့တယ်ဟာ... ငါ့မှာ ဆင်ခြင်တုံတရား ကင်းမဲ့သွားတယ်... ငါ့ဆန္ဒတစ်ခုထဲ နောက်ကိုပဲ လိုက်မိတယ်..."
"အင်းပေါ့..."
"ဒါနဲ့ တစ်ရက်မှာ ငါတို့တွေ လုပ်နေတုန်း... ငါ့ယောက်ျားနဲ့ ပက်ပင်းတိုးပါလေရော... သူကလည်း ပြန်လာမယ်ဆိုတာ အကြောင်းမကြားဘူးလေ... သားလေး ၄ နှစ်ပြည့် မွေးနေ့ ရောက်တော့မှာမို့ ပြန်လာတာတဲ့... အဲ့ဒီအချိန် ငါတို့က ကုတင်ပေါ်မှာ လုပ်ကောင်းနေတုန်း ငါ့အခန်းတံခါးက ဖြည်းဖြည်းလေး ပွင့်လာပြီး ငါတို့ကို စိုက်ကြည့်နေတဲ့ မျက်လုံးကို တွေ့လိုက်ရတယ်... ဟိုလူကလည်း ငါ့ကို လုပ်တာ ပြီးခါနီးဆိုတော့ အားနဲ့ ဆောင့်နေတဲ့ အချိန်ဟာ... ငါ့ယောက်ျားကို ငါ ပြန်ကြည့်နေရင်းနဲ့ ဟိုလူ့ အရည်တွေ ငါ့ထဲ ဝင်သွားတဲ့ ခံစားချက်က တမျိုးပဲဟာ... အားနာသလို... ကြောက်သလို... ကောင်းသလို... ဘယ်လိုမှန်း မသိတာ..."
"ဟာ... နင့်ယောက်ျားက ဝင်မကြမ်းဘူးလား..."
"ဘာမှ မပြောပဲ... တံခါးပိတ်ပြီး ပြန်လှည့်သွားတယ်... ဒါနဲ့ ငါလည်း ဟိုလူ့ကို အကျိုးအကြောင်း ပြောပြီး ဧည့်ခန်းထဲ မြန်မြန်သွားရတယ်... ငါတို့လည်း ရောက်ရော ဟိုလူ့ကို ခများ သွားတော့တဲ့... ဒါပဲ ပြောတယ်... ပြီးတော့ ငါ့ကို ဘာဆက်လုပ်ချင်လဲတဲ့... ငါကလည်း မှားနေတယ်လေဟယ်... ဒါပေမယ့် ငါ ဒူးမထောက်ချင်ဘူး... ငါ့ကို ကွာပေးဘို့ပဲ တောင်းဆိုမိတော့တယ်... သူကလည်း အိုခေတဲ့... ကွာပေးမယ်တဲ့... သားလေးကိုရော ဘယ်လိုလုပ်မလဲတဲ့... ငါကတော့ ငါ့သားလေးမို့ ငါပဲ ထိန်းမယ် ပြောမိတာကို... ဘာလဲ... အခုလိုပဲ ဧည့်ခန်းမှာ အိပ်ခိုင်းမလို့လားတဲ့... ငါ့မှာလေ... ငါ့အမှားကို အဲ့လို ပြောတော့ ငါ့မှာ ပြန်ပြောနိုင်စွမ်း မရှိတော့ဘူး... ဒါပေမယ့် ဒီလူက တွက်တတ်ပါတယ်... ဥပဒေနဲ့ လုပ်မယ်တဲ့... သားလေးကို အသက် ၁၀ နှစ်လောက်အထိ မိခင်ဖြစ်သူ ငါနဲ့ နေခိုင်းပြီးမှ နောက်ပိုင်း သူ ထိန်းမယ်လို့ ပြောတယ်လေ... ငါလည်း သဘောတူလိုက်ရတာပေါ့... အခုတော့ ငါ့ဘာသာ အလုပ်လုပ်တယ်... သားလေးကို မူကြိုထားတယ်... အလုပ်က အပြန်ကျတော့ သွားကြိုတယ်... ဒီလိုပဲ လည်ပတ်နေရတယ်ဟယ်..."
"ဟင်း... နင့်ဇာတ်လမ်း နားထောင်ရတာလည်း မလွယ်ပါလားဟာ..."
"ဒါနဲ့ နောင်... နင်ရော အိမ်ထောင်မကျသေးဘူးလား..."
"ယူချင်စိတ် မရှိပါဘူးဟာ... ယူဘို့ထက် မချစ်ရဲတော့တာ..."
"နင်ရော ဆန္ဒတွေ မကြွတက်လာဘူးလား... ခိခိ..."
"ဆန္ဒရှိရင် ဝယ်စားတာပေါ့ဟာ... လူတယောက်လုံးကိုကျ မချစ်ပဲနဲ့ တာဝန်မယူချင်ဘူး..."
"အင်းပါ... ငါလည်း နင့်ကို ထားခဲ့မိလို့ စိတ်မကောင်း ဖြစ်ရပါတယ်..."
"စကားပြောကောင်းနေတာနဲ့ ထမင်းစားလိုက်ဦးဟ... နှစ်နာရီတောင် ခွဲတော့မယ်..."
"နင်ကရော ဘယ်သွားမလို့လဲ... "
"ငါ့တူလေး ကျောင်းလာကြိုတာလေ... ဘေဘီဟုမ်း ဆိုတဲ့ မူကြိုမှာ..."
"ဟင်... ဟုတ်လား... ငါ့သားလေးလည်း အဲ့မူကြိုမှာပဲ..."
"ဒါဆိုလည်း အတူ သွားကြိုတာပေါ့ဟာ..."
"အချိန် အားရင် ငါ့အိမ် လာလည်ဦးလေ... နောင်..."
"ကျောင်းဆင်းချိန်တိုင်း ရောက်နေမိမယ် ထင်တယ်... မွန်..."
ခင်တဲ့
နောင်ရဲ (ဧပရယ်၊ ၂၀၁၉)