စုန်းမ အပိုင်း (၁)

စုန်းမ

အဖြစ်အပျက်တွေကို အစကနေ ပြန်ပြောရမယ်ဆိုရင်တော့ ကျနော် အသက်နှစ်ဆယ်အရွယ်မှာ ရန်ကုန်မြို့လည်ခေါင်မှာရှိတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တယ် ဆိုတာကနေ စရမှာပဲ။ ကျနော်က ရန်ကုန် ဇာတိ မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မြို့ နယ်လေးတစ်ခုကဖြစ်ပြီး ဆယ်တန်းအောင်ပြီးတဲ့နောက် အဖေ့ဘက်က ဦးလေးနဲ့အတူ ရန်ကုန်ကိုပါလာတာပါ။ တကယ်ဆို ဆယ်တန်းအောင်ပြီးရင် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုကို အထောက်အပံ့ဖြစ်မယ့် တက္ကသိုလ်တစ်ခုခုကို တတ်သင့်ပေမယ့် ကျနော့်အမှတ်က အဲဒီလောက် မကောင်းဘူးဗျာ။ ဒီတော့ အဝေးသင်ပဲ ရွေးလိုက်ရပြီး ကြုံရာအလုပ်တစ်ခုကို ၀င်လုပ်မယ်ပြင်တော့ ကျနော်နဲ့ ဦးလေးနေတဲ့နေရာရဲ့ မလှမ်းမကမ်းမှာရှိတဲ့ အဲဒီစားသောက်ဆိုင်နဲ့ ဆက်သွယ်မိတာ။ 

ရနံ့သစ်လို့ ခေါ်တဲ့ အဲဒီစားသောက်ဆိုင်မှာ အလုပ်ရတာ ကျနော် တော်တော်ကံကောင်းတယ်လို့ ပြောရမယ် ကိုယ့်ဆြာတို့ရေ။ ဘာကံကောင်းတာလဲလို့ ခင်ဗျားတို့ သိချင်လာပြီ မှတ်လား။ ပြောပြမှာပေါ့ .. အဲဒါလေး ပြောချင်လို့ နောက်ကြောင်းတွေ ဘာတွေ ခြေဆင်းပျိုးထားရတယ်လေ .. ဒီလိုဗျ ..။

ရနံ့သစ်စားသောက်ဆိုင်က နာမည်ကြီးတဲ့အပြင် တော်တော်လည်း သပ်သပ်ရပ်ရပ်ရှိပြီး ကျယ်တယ်။နောက်ပြီး သူက ခင်ဗျားတို့ ကျနော်တို့ အမြဲတမ်းတွေ့နေကြ ဆိုင်တွေလို Open type မဟုတ်ဘူးဗျာ။ အုတ်ခံ နှစ်ထပ်တိုက်အိမ်ကြီး။ အောက်ထပ်ကို မီးဖိုချောင်နဲ့ စားသောက်ခန်း လုပ်ထားတာ။ ထုံးစံအတိုင်း စားသောက်ခန်းက အရှေ့ဘက်ခြမ်းမှာ၊ မီးဖိုချောင်ကတော့ နောက်ဘက်မှာပေါ့။ အပေါ်ထပ်ကတော့ ဆိုင်ပိုင်ရှင်ရဲ့  တခြားလုပ်ငန်းမှာ သုံးတဲ့ ပစ္စည်းတွေထားထားတာ။ အခန်းတွေရှိပြီး တစ်ချို့ အခန်းတွေက စားဖိုမှုးတစ်ယောက်နဲ့ ဆိုင်က ၀န်ထမ်းတစ်ယောက် နေတယ်။ တစ်ချို့ အခန်းတွေကတော့ စတိုခန်းလို ဟာမျိုးတွေ။

မင်းဟာက ဒါလား ကံကောင်းတာလို့ မေးရင် မဟုတ်သေးပါဘူးဗျာ .. အခုပဲ လာတော့မှာပါ .. ဆန္ဒမစောကြပါနဲ့။ ကျနော်တို့ ရနံ့သစ်ဆိုင်ရဲ့  အလုပ်သမားအဖွဲ့မှာ အုပ်စုနှစ်စုရှိတယ်ဗျ။ အကြော်အလှော်နဲ့ စီမံခန့်ခွဲတာက အသက်၃၀ကနေ ၄၀ကြားလောက်ရှိမယ့် စီနီယာတွေပေါ့ဗျာ။ နောက်တစ်ဖွဲ့ကတော့ ၀ိုင်းလုပ်ဝိုင်းကူဆိုတဲ့ ကျနော်တို့လို အရွယ်တွေ။ ပြောချင်တာက အဲဒီ ဒုတိယတစ်ဖွဲ့မှာ လူခြောက်ယောက်ရှိတဲ့အနက် ယောက်ျားလေးဆိုလို့ ကျနော် အပါအ၀င်မှ နှစ်ယောက်ထဲ .. အဟဲ။  

နဲနဲစိတ်ဝင်စားသွားပြီ မှတ်လား။ ပိုပြီးတော့ ချိုမြိန်တာလားတွေ ထပ်ပြောရမယ်ဆိုရင်ရှိတဲ့ ကောင်မလေးလေးယောက်မှာ တစ်ယောက်မှ ရုပ်ဆိုးတာ မပါဘူး ကိုယ့်ဆြာ .. ငှဲ ငှဲ။ ထပ်ပြီးတော့ အဆင်ပြေချင်တော့ ကျနော် အလုပ်ဝင်ပြီး သိပ်မကြာပါဘူး။ ကိုယ်နဲ့အတူတူ လုပ်တဲ့ ငတိက ဓါးခုတ်တာ ဘယ်ဆော်ကို ငေးခုတ်တယ် မသိပါဘူး။ လက်သန်းတစ်ချောင်း ပါသွားတာနဲ့ အလုပ်ထွက်သွားရရှာတယ်။ သူ့အတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် သိပ်ပြီးတော့လည်း ရှည်ရှည်ဝေးဝေး ၀မ်းမနည်းနေပါဘူးဗျာ။ အဓိက က ကိုယ်ဓါးခုတ်ရင် လက်မပြတ်ဖို့ပဲ မဟုတ်လား။

ဒီလိုဆိုတော့ ခင်ဗျားတို့က ပြောတော့မယ်။ မင်းဟာက ဆွေလှိုင်ဦး ဇာတ်လမ်းကြီးပဲရယ်လို့။ မချောလေးယောက် ကိုယ်တစ်ယောက်ဆိုတာလေ။ ဘယ်ကလာ… ။ ကျနော် အဲ့လောက် ကံကောင်းပါ့မလား။ အဲဒါမျိုးတွေက အောစာအုပ်ဇာတ်လမ်းတွေမှာတာ ဖြစ်တာလေ။ အခုက တကယ့်လက်တွေ့ အပြင်လောကကြီးမှာ။ ကောင်မလေးယောက်နဲ့ ကျနော် ပတ်ပြီးပွေးလို့ရအောင် ကျနော်က စားသောက်ဆိုင်ပိုင်ရှင်လည်းမဟုတ်၊ သောက်ဆံကလည်း တစ်လလုံးနေမှ လကုန်ရက်လေးကို စောင့်နေရတဲ့ဘ၀။ ဘယ်လိုအဆင်ပြေမှာလဲဗျာ ..။

ဟဲ .. ဟဲ .. စိတ်ပျက်သွားပြီလား။ ဒီလောက်လည်း စိတ်ဓါတ်မကျပါနဲ့ဗျာ။ ကောင်းတာလေးတွေ ပြောတော့မှာပါ။ ကျနော် အခုပြောမယ့် ဇာတ်လမ်းထဲမှာ ကောင်မလေး လေးယောက်စလုံး မဟုတ်တောင် နှစ်ယောက်တော့ အဓိကထားပြီး ပြောရမယ်ဗျ။ ပထမတစ်ယောက်က ကျော့ကေခိုင်ဆိုတာ။ ကျော့ကေခိုင်က ရိုးရိုးယဉ်ယဉ်လေးနဲ့ တော်တော်လှတဲ့ ကောင်မလေးဗျာ။ ခင်ဗျားတို့ မျက်စိထဲမှာ ပြောရရင် ဟိုဗမာဆန်ဆန်ဝတ်စုံလေးနဲ့ ဓါတ်ပုံအမြဲရိုက်ခံတဲ့ မော်ဒယ်ကောင်မလေးနဲ့ ခပ်ဆင်ဆင်တူတယ်။ အခုနောက်ပိုင်းသုံးတဲ့ စကေးလ်နဲ့သာ ခွဲကြကြေးဆို ၈လောက်၊ ဒါမှမဟုတ် ၈.၅လောက်တော့ အသာလေး ရှိမယ်။ ရိုးရိုးယဉ်ယဉ်အသွင်လေးနဲ့ ကျော့ကေခိုင် လမ်းလျှောက်လာပြီဆိုရင် တော်တော်များများ ယောက်ျားတွေ ငေးကြည့်ကြတော့တာပဲ။

နောက်တစ်ယောက်ကတော့ မိုးရတီဆိုတာ။ အဲဒီတစ်ယောက်ကတော့ မလွယ်ဘူး။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ရူးသွပ်စေနိုင်လောက်တဲ့ အထိ ဖမ်းစားထားနိုင်တဲ့အလှဆိုတာ မိုးရတီကိုမှ ဆိုလိုတာ။ ခင်ဗျားတို့ ရာဇ၀င်ထဲမှာ သီဝိမင်းကို အပြတ်ကြွေသွားအောင် ပြုလုပ်နိုင်တဲ့ ဥမ္မာဒန္တီရဲ့ အလှဆိုတာ ကြားဖူးကြတယ် မှတ်လား။ ဟုတ်တယ် .. အဲဒီအလှကို မြင်ဖူးချင်ရင် တခြားသူ လိုက်ရှာမနေနဲ့။ မိုးရတီကိုသာ လာကြည့်လှည့်။ ခုနက ပြောခဲ့တဲ့ စကေးလ်နဲ့ဆိုရင် မိုးရတီက အသာလေး ၉အထက်မှာပဲ။ လုံးဝကို မဆင်းဘူးဗျ။

မိုးရတီ လှတာချောတာက ထားလိုက်ပါတော့။ ဒါက လူတစ်ယောက်ရဲ့ မွေးရာပါ ရုပ်သွင်ပဲလေ။ ဒါပေမယ့် ခက်တာက အဲဒီမိုးရတီဆိုတဲ့ ကောင်မလေးက မီးခဲလေးဗျ။ သူ့နဲ့ သွားထိလိုက်တာနဲ့ ထိလိုက်တဲ့ကောင် ပြာကျတဲ့အထိ လောင်သွားတော့တာ။ ကောင်လေးတွေ သူ့ရဲ့ အလှမှာ ကြွေဆင်းပြီး သူ့ကို တမ်းတမ်းစွဲဖြစ်နေတာကိုလည်း မိုးရတီက ဂုဏ်ယူနေသေးတယ်။ ယောက်ျားလေးတွေကို ကြိုက်သလို လှည့်စားပြီး နိုင်စားလို့ ရနိုင်တာကိုက မိုးရတီရဲ့ အရည်အချင်း တစ်ရပ်ဖြစ်ပြီး၊ အဲဒီအရည်အချင်းကိုလည်း သူက အပြည့်အ၀ အသုံးချနေနိုင်တော့တာပဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်လည်း ယောက်ျားထဲက ယောက်ျားပဲဆိုတော့ ရနံ့သစ်စားသောက်ဆိုင်ရောက်လို့ မိုးရတီနဲ့ ဆုံတော့ မြင်မြင်ခြင်း ပစ်ကြွေတာပေါ့။ ဒါပေမယ့် မိုးရတီက ကျနော်လက်လှမ်းမီလောက်တဲ့ ဆော်မဟုတ်ဘူးဆိုတာ မြန်မြန်ဆန်ဆန်ပဲ သဘောပေါက်သွားတယ်။ ကိုယ့်အနေအထား ကိုယ်သိရမယ်လေ (ဒါက တော်တော်အရေးကြီးတယ် မဟုတ်လား ကိုယ့်ဆြာတို့)။ ဒီတော့ ကျနော် မိုးရတီနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ ရှေ့တိုးဖို့ မတွေးဘူး။ အဲဒါဆိုလို့ လုံးဝကြီး အရှင်းကြီးလားဆိုတော့လည်း မဟုတ်ဘူးဗျ။ ဒီလောက်လှတဲ့ ကောင်မလေးတစ်ယောက်နဲ့ အလုပ်အတူလုပ်ရတာပဲ။ စသလို၊ နောက်သလိုနဲ့ ဟိုဟိုဒီဒီတွေ ပြောတာတော့ ရှိတာပေါ့။ ဒါပေမယ့် seriously လားဆိုတော့ လုံးဝကို မဟုတ်ပါဘူး။

မိုးရတီနဲ့သာ ဘာမှ မဖြစ်တာ။ ကျော့ကေခိုင်နဲ့တော့ ကျနော် အဆင်ပြေသွားတယ်။ အစပိုင်းတုန်းကတော့ ကျနော်တို့နှစ်ယောက် ကြိုက်နေတာကို လုပ်ဖော်ကိုင်ဖက်တွေ သိမှာစိုးလို့ သိုသိုဝှက်ဝှက်ပဲ ထားပါတယ်ဗျာ။ ဒါပေမယ့် ဒါမျိုးဆိုတာ ဘယ်လောက်ကြာကြာ ဖုံးထားလို့ရမှာလဲ။ ကျော့ကေခိုင်နဲ့ ကျနော် ညက်ပြီးလို့ သုံးလေးလလောက် ကြာတော့ စားသောက်ဆိုင်ကလူ အကုန်သိကုန်တော့တာပဲ။ အဲ .. ပြောရမယ်ဆိုရင် ပြသနာကလည်း အဲဒီမှာ စတော့တာပဲဗျာ ..။

တခြားတော့ မဟုတ်ဘူး။ သူမဟုတ်ဘဲ တခြားကောင်မလေးတစ်ယောက်နဲ့ ညက်နေတယ်ဆိုရော မိုးရတီရဲ့ မျက်လုံးထဲမှာ ကျနော်က အလိုလို တန်ဖိုးရှိသလို ဖြစ်လာတော့တယ်။ ကျနော့်ဖာသာ ကျနော် တစ်ယောက်ထဲ ဆိုတုန်းကတော့ ဂရုစိုက်စရာ မလိုဘူးလေ။ အခုလို ကောင်မလေးတစ်ယောက်နဲ့ဆိုတော့ ကျနော်ဟာ မိုးရတီအတွက်တော့ သိမ်းပိုက်ရမယ့် ဆုလဒ်တစ်ခုလို ဖြစ်လာပါရော။ မိုးရတီအတွက်တော့ ဒီကိစ္စက သူ့ဝါသနာလို ဖြစ်နေတာ။ ကျနော်ပြောခဲ့သလိုပေါ့ .. သူက ယောက်ျားလေးတွေကို အရုပ်ကလေးတွေလို ကစားနေချင်တာလေ။

ဒီလိုနဲ့ ဘယ်လိုဖြစ်လာလဲဆိုတော့ မိုးရတီက တဖြေးဖြေးခြင်း ကျနော့်နားကို ကပ်သထက်ကပ်လာတယ်။ ပရောပတီတွေ လုပ်သထက်လုပ်လာတယ်။ အစပိုင်းတုန်းက ကျနော်လည်း ဒါကို သေချာ သတိမထားမိဘူး။ ဘယ်သိမလဲ .. ကျနော်က ယောက်ျားလေးပဲ .. ကောင်မလေးချောချောတစ်ယောက် ကိုယ့်အနားကပ်တာ ငြင်းစရာလား။ No big deal ပေါ့။

ဒါပေမယ့် ကျနော့်ကောင်မလေး ကျော့ကေခိုင်ကတော့ ဒီလိုမမြင်ဘူး။ မြွေမြွေချင်းသာ ခြေမြင်တာ မှတ်လား။ မိုးရတီရဲ့ ပုံစံကိုကြည့်ပြီး သူမက ရိပ်မိသင့်သလောက် ရိပ်မိပြီး ကျနော့်ကို မိုးရတီနဲ့ ဝေးဝေးနေဖို့ စပြောတော့တာပဲ။ မိုးရတီရဲ့  ရည်ရွယ်ချက်က ဘာဆိုတာ ကျော့ကေခိုင်က ပြောတော့ ကျနော်က မဖြစ်နိုင်ပါဘူးဆိုပြီး ဟာသလုပ်မိသေးတယ်။ (တခါမှ မိုးရတီနဲ့ ပတ်သက်ပြီး မောင်က ဘာဆိုဘာမှ မလုပ်ခဲ့တာ .. အခုလို ရည်းစားအတည်တကျ ရှိပြီးတော့မှ ပိုလို့တောင် ဝေးသေး) .. ဆိုပြီး လေပြေလေးနဲ့ ပြောလိုက်တော့ ကျော့ကေခိုင်က မတင်မကျနဲ့ လက်ခံရှာတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်းက ကျနော်တို့ နှစ်ယောက်ရဲ့ အချစ်ရေးမှာ မိုးရတီက တတိယလူအနေနဲ့ စတင်ပြီး ၀င်ရောက်လာခဲ့တယ်လို့ ပြောရမှာပဲ။

ဆက်ပြောရမယ်ဆိုရင် ကျနော်နဲ့ ကျော့ကေခိုင်ကြားမှာ နဲနဲလေး tension စဖြစ်လာတယ်။ လူဆိုတာကလည်း အခက်သား။ ကောင်းနေရင်သာ ဘာလုပ်လုပ် ပြသနာမရှိတာ။ မကောင်းဘူးလို့ မြင်သွားရင် သူ့ဖာသာသူ တံတွေးထွေးရင်တော့ ကိုယ့်ကို စောင်းပြီးထွေးတယ်လို့ ထင်တတ်ကြတာ မဟုတ်လား။ ဒီတော့ မိုးရတီ ဘာလုပ်လုပ် ကျော့ကေခိုင် အမြင်မှာ ကျနော့်ကို လာပြီးရောနေတယ်လို့ပဲ သူက မြင်တော့တယ်။ ကျနော်က မဟုတ်ပါဘူးလို့ ရှင်းပြတော့ .. (မောင် သူ့ဘက်ကနေ ဘာမှ ကာကွယ်ပေးစရာမလိုဘူး .. ဖြေရှင်းပေးစရာ မလိုဘူး) ဆိုတာတွေ ဖြစ်လာရော။  

ပြသနာက ကျော့ကေခိုင်တစ်ယောက် မိုးရတီရဲ့ နာမည်ကို ထုတ်ပြီး ပြောပြောတိုင်း ကျနော်က မိုးရတီအပေါ်မှာ ပိုပြီး စိတ်ဝင်စားလာမိတာပဲ။ ဒါ ကျနော့် အပြစ်မဟုတ်ဘူး။ ကိုယ့်ဆြာတို့ပဲ စဉ်းစားကြည့်။ နဂိုကမှ မိုးရတီက သိပ်ချောသိပ်လှတဲ့ မိန်းကလေး။ ကိုယ်လုံးကိုယ်ပေါက်ရော၊ ရုပ်ရည်ရော ဘာမှအပြစ်ပြောစရာ မရှိတဲ့ဟာ။ မတတ်သာလို့သာ ခေါင်းထဲကနေ ထုတ်ပြီး မေ့ထားရတာလေ။ အခုကျတော့ ကျော့ကေခိုင်ကိုယ်တိုင်ကိုက တဖွဖွနဲ့ မိုးရတီနာမည်ကို ထုတ်ပြောနေတော့ ကျနော့်ခေါင်းထဲ အလိုလို ပြန်ရောက်လာတာပေါ့။ နောက်ပြီး ကျော့ကေခိုင် ပြောတဲ့ စကားတွေကို ကြည့်ဦး ..

“ဒီဟာမက သူ့ကိုယ့်သူဟော့တယ်ဆိုပြီး သွေးနထင်ရောက်နေတာ .. နို့ကြီးတွေ မို့တင်းပြီးထွားနေတာနဲ့ ယောက်ျားလေးတိုင်း သွားရည်ကျမယ်ထင်နေတာ”
“လမ်းလျှောက်တာကလည်း တမင်တကာကို လုပ်နေသလား အောက်မေ့ရတယ် .. တင်တွေကို ဟိုပစ်ဒီပစ်နဲ့ .. ဆိုင်ထဲကလူတွေရော .. အပြင်ကလူတွေရော အကုန်လုံး ဒါတွေပဲ လိုက်ကြည့်နေတာ .. မောင်လည်း ပါတယ်မှတ်လား”

တကယ့်ကို ကွိုင်ပဲဗျာ။ ကျနော်ပြောခဲ့ပြီးသားပဲ။ မိုးရတီရဲ့ ကိုယ်လုံးကိုယ်ပေါက်ရော ရုပ်ရည်ရောက တကယ့်ရှယ်ပဲ။ အဲဒါဟုတ်တယ်။ ဒါပေမယ့် ကျော့ကေခိုင်ကလည်း မလှတာမှ မဟုတ်တာ။ ဒါပေမယ့် ကိုယ့်ကောင်မလေး ဖြစ်တဲ့သူက တခြား မိန်းကလေးတစ်ယောက်ရဲ့  ကိုယ်ခန္ဓာကို အားကျသလို၊ မနာလိုသလိုပြောနေတာက ရှိနေတဲ့ ပြသနာကို ဖြေရှင်းအောင် လုပ်နေတာ မဟုတ်တော့ဘူး။ 

“ကျော့ကလဲ မဟုတ်တာ .. ပုံကြီးချဲ့ ပြီးပြောနေပြန်ပြီ .. ကျော့ကိုယ်ကလည်း မိုက်တာပဲ .. ဘဲတွေ ကျော့ဖြတ်သွားတိုင်း ငမ်းငမ်းနေတာ မောင်တွေ့နေကြပဲကို”

ကျနော်က ဒီလို ဖြောင်းဖြပြီး ပြောပေမယ့် စိတ်ထဲမှာတော့ မိုးရတီရဲ့ ကိုယ်လုံးလေးကို တကယ်ပဲ ကျော့ကေခိုင်နဲ့ နှိုင်းယှဉ်နေမိတယ်။ ကျော့ကေခိုင်က အစောပိုင်းတုန်းကတော့ ဒါမျိုးပြောရင် အနည်းငယ် ငြိမ်သွားပေမယ့် နောက်ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ .. (တွေ့လား .. မောင့်စိတ်ထဲမှာ မိုးရတီက ပိုမိုက်တယ်လို့တွေးလို့ ဒီစကားထွက်လာတာ .. တော်ပြီ .. တော်ပြီ .. ဒါဆို အဲဒီဟာမကို မောင်သွားကြိုက်တော့ .. ကျော့ကို လာမထိနဲ့) .. ဒီလိုပြန်ပြီးပြောတော့ကာ ကျနော်တို့နှစ်ယောက်ရဲ့  နှစ်ကိုယ်ကြားအချိန်တွေက ကြည်နူးစရာ မဖြစ်ဘဲ ပျက်ပျက်လာပါရော။

ဒီတော့ ကျနော်က တဖြေးဖြေးနဲ့ စိတ်ရှုပ်လာတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။ ကျနော့်စိတ်ထဲမှာ နဂိုကတည်း လိုချင်တာကို ကျနော်က ရနေတာ မဟုတ်ဘူး (မိုးရတီကိုဆိုလိုတာ)။ အခုကျတော့ ကိုယ်ရနေကြဟာကိုတောင် ထပ်မရတော့ဘူး (ကျော့ကေခိုင်နဲ့ စကားများရင် သူက ကျနော့်ကို မပေးတော့ဘူး .. ခပ်ရိုင်းရိုင်းပြောရရင် ပေးမလိုးတော့ဘူး)။ အဲဒါနဲ့ပဲ မိုးရတီက အလိုလိုနေရင်း ကျော့ကေခိုင်ရဲ့ ပြိုင်ဘက်ဖြစ်လာပြီး၊ ဘယ်လိုပြောရမလဲ ဖုံးကွယ်ထားတဲ့ အသီး (forbidden fruit) ဖြစ်လာရော။ ဒါပေမယ့် ခက်တာက အဲဒီအသီးက အရမ်းချိုပြီး အရသာရှိမယ်ဆိုတာ ခင်ဗျားတို့တော့ မသိဘူး .. ကျနော်ကတော့ တပ်အပ်ကို သိနေတယ် .. ခက်တော့တာပဲဗျာ။

ကဲ .. ကျနော် ဘာလုပ်ရမလဲဗျာ .. အကြံပေးကြပါဦး …။