စီတာ ၃

(ဃ)
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုခွဲလောက်က ခုလိုမျိုး လူတိုင်း ဖုန်းတွေ လူမှုကွန်ရက်မီဒီယာတွေ မသုံးနိုင်သေးဘူး။ ထားလိုက်ပါတော့။ လမ်းထိပ် စတိုးဆိုင်ကနေ အများသုံးဖုန်းနဲ့ စီတာ့ အိမ်ကို အရဲစွန့်ပြီး ဖုန်းခေါ်လိုက်တယ်။ ခေါ်ရတာလည်း အကြောင်းရှိတယ်။ စာသင်ပြီးတဲ့ နောက်နေ့က စပြီးတော့ သူ့အကြောင်းကိုပဲ ကျော်သူ တွေးနေမိတာကိုး။ ၂ ရက်သုံးရက်လောက် တော့ ပိန်လိမ်နေတာပဲ။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဖုန်းခေါ်လိုက်တယ်။ ဖုန်းသာ ခေါ်ရတယ် မိုးခိုင် ကျူရှင်သွားလောက်မယ့် အချိန်ကိုလည်း မှန်းပြီး ခေါ်ရတယ်။ 
"ဟယ်လို"
"အာရောဂျံ ဆေးဆိုင်ကပါရှင့်"
"ဟုတ်ကဲ့။ မစီတာ လားဗျာ။ ကျွန်တော် ကျော်သူပါ"
"……………"
"ဟယ်လို..မစီတာ..စီတာ"
"ဟုတ်ကဲ့ဆရာ.။ ကျွန်မ နားထောင်နေပါတယ်"
နားထောင်နေပါတယ်ဆိုတော့ ဘာပြောရမှန်းမသိတော့။ ဖုန်းတောင်ဆက်နေပြီဆိုတော့ မထူးတော့ပါဘူး။ ပြောသင့်ပြောထိုက်တာတော့ ပြောရမှာပဲ။ ဟိုတစ်ညက လက်ကိုတောင်ဆုပ်ပြီး ကိုင်ထားတဲ့အထိ အဆင်ပြေနေမှပဲ။
"အဲ.ဟိုလေ.။ ဒီလိုဗျာ ကျွန်တော် မစီတာကို သတိရလို့ ဖုန်းဆက်တာပါ။ စိတ်ထဲ အမြဲတမ်းရောက်နေလို့ပါ။ မစီတာရော သတိရလားဟင်"
"တော်ပါရှင်။ ဒီနေ့မှ ဖုန်းဆက်ပြီးတော့။ ဟိုလေ စီတာ ဆိုင်မှာလူတွေများနေတယ် ဆရာ။ ညပိုင်းမှ ဖုန်းခေါ်ပါလား"
"ဟိုလေ ကျွန်တော့်ကို သတိမရဘူးလား"
" ရတယ်။ ရတယ်" ဟော ဂွပ်ကနဲဖုန်းချသွားတယ်။ ကျော်သူတော့ ဘယ်လိုဖြစ်မှန်းမသိ။ ဖုန်းဆက်လိုက်ရတာ စိတ်ထဲမှာ နဲနဲ နေသာထိုင်သာရှိသွားတယ်။ အိန္ဒိယတိုင်းသူ သံ ဗမာစကားဝဲဝဲပြောတဲ့ မုဆိုးမ ကုလားမ လေး အကြောင်းကိုပဲ အမြဲတွေးနေမိတာ ထူးဆန်းတယ်။ အိပ်ခါနီးတိုင်း သူ့ကိုယ်လုံး တုတ်တုတ်ခဲခဲလှလှ နဲ့ မျက်လုံးဝိုင်းကြီး၊ ထူပိန်းပိန်းနူတ်ခမ်း တို့ကို မြင်ပြီး အိပ်မရ။ အိပ်ခါနီး ညတိုင်း လက်သမားဆရာ ဖြစ်ရတယ်။ ကိုယ့်ထက်ဆယ်နှစ်လောက်လဲကြီးတယ်။ ပြီးတော့ အပျိုလည်းမဟုတ် မုဆိုးမလေး။ ငါသူ့ကို ဒီလောက်တောင် စွဲလန်းတက်မက်နေပါပေါ့လားလို့ သတိထားမိတယ်။ ဒီလိုနဲ့ စီတာတို့အိမ်ကို စာသွားသင်ရမယ့် ရက်ကို ရောက်လာတယ်။

(င) 

ဒီနေ့ ကျောင်းမှာ ပုံဆွဲခန်းထဲ ဗိသုကာနဲ့ ဆိုင်တဲ့ အင်ဂျင်နီယာဆိုင်ရာ အတိုင်းအတာပုံတွေ ဆွဲရတယ်။ စိတ်က စီတာ့ အိမ်ကို သွားရမှာမို့ ကျော်သူ တစ်ယောက် စာလုပ်ရတာ စိတ်မပါ။ မယားတရူးဆိုပြီး ပြောကြတာ ဒါမျိုး ထင်တယ်။ အရင်ကလည်း အသက် ၂၀ အရွယ် လူပျိုမို့ ထန်ဖူးပါတယ်။ ဒီလောက်ကြီး စိတ်ထဲရောက်အောင် ထန်တာမျိုး မဖြစ်ဖူးဘူး။ အတင်းစိတ်ကို ဆွဲထိန်းပြီးတော့ စာထဲ အာရုံပို့ရတယ်။ ကျောင်းကပြန်တော့ ဖယ်ရီပေါ်မှာလည်း အရင်လို သီချင်းအော်ဆိုတာ၊ မိန်းကလေးတွေကို နောက်တာတောင် မလုပ်ဖြစ်တော့ဘူး။ ကိုယ်စာသင်မယ့်အိမ်ကို သွားဖို့ ဒီလောက်တောင် ပျော်ရွှင်မြူးတူး စိတ်ဓာတ်တွေ တက်ကြွနေတဲ့ ဆရာ ဟာ teacher of the year ဆုတော့ ရသင့်တယ် မထင်ဘူးလား။ ဒါပေမဲ့ စိတ်က တပည့်ဖြစ်သူ ဆီမှာတော့ မဟုတ်ပါဘူး။ တပည့်အမ ဆီမှာပဲ။ ဒီညတော့ စာသင်ပြီး မိုးခိုင်အိပ်ပြီဆို ရအောင် ချိန်းတွေ့မယ်လို့ စိတ်ထဲမှာ တေးထားလိုက်တယ်။ ဒါမျိုးလုပ်လိုက်မှပဲ ငါ့စိတ်ထဲကနေ ဒီမမလှလှ ကုလားမ ပြန်ထွက်သွားမှာပဲလို့ ကျော်သူ ထင်တယ်။ ဖယ်ရီကား ရန်ကုန်မြို့ထဲ ပြန်အဝင်မှာပဲ မိုးတွေရွာလာတယ်။ ပထမတော့ အေးအေးဆေးဆေး ရွာနေပြီး နောက်ပိုင်းတော့ အုန်းဒိုင်းကို ကြဲလာတော့တယ်။ ဒီနေ့မှ ထီးကမပါ။ ညနေ ငါးနာရီဟာ ငါးနာရီနဲ့ကို မတူဘူး။ ဆင်းနေကျနေရာရောက်တော့ ကားပေါ်က ဆင်းလိုက်တယ်။ မှတ်တိုင်ထဲဝင်ခိုပေမယ့် မလုံပါဘူး။ မိုးက ဆက်ပြီး ရွာနေမြဲ။ မှတ်တိုင်ထဲမှာလည်း ကျော်သူ့လို မိုးခိုနေသူတွေက အများကြီး။ တဖြည်းဖြည်းနဲ့ ငါးနာရီခွဲကျော်လာပြီ။ ၆ နာရီလောက်ဆို မိုးခိုင်က ကျူရှင်က ပြန်ရောက်တော့မယ်။ မိုးရေထဲမှာပဲ မှတ်တိုင်တဲ့ သိပ်မဝေးတဲ့ စာသင်အိမ်ကို ပြေးဖို့ ကျော်သူ ဆုံးဖြတ်လိုက်တယ်။ ကျောင်းမှာက ဒီနေ့ တစ်နေကုန် ပုံပဲဆွဲရတာ။ ဒါကြောင့် စာအုပ်သိပ်ပါမလာဘူး။ မိုးကာအိတ်မို့ တော်ရုံရေလောက်တော့ရတယ်။ အဝတ်တွေစိုတာက ပြဿနာမရှိ။ မိုးခိုင် အင်္ကျီယူဝတ်မယ်။ မနက်ကျမှ တစ်ခုခု ဝယ်ဝတ်ပြီး ကျောင်းထသွားရုံပေါ့။ အပြေးတစ်ပိုင်း မိုးခိုင်တို့ အိမ်ဘက်ကို လာခဲ့တယ်။
မိုးက သည်းသည်းမည်းမည်း ဖြစ်လာတဲ့အပြင် မှောင်ပါမှောင်ကျလာတယ်။ ကျော်သူ လည်း ဆေးဆိုင်ရှေ့က အမိုးအောက်ကို အပြေးကလေးဝင်လိုက်ရတယ်။ တစ်ကိုယ်လုံးကတော့ ကြွက်စုတ်ပေါ့။ မိုးခိုင် ရဲ့ အမ ကဆေးဆိုင်ထဲကနေ အလန့်တကြားလှမ်းအော်တယ်။ "ဟောတော်.. မနက်က ဆရာ့အိမ်ကို လှမ်းပြီး ဖုန်းဆက်သေးတယ်။ ဆရာအပြင်ထွက်သွားလို့တဲ့။ ဆရာ့တပည့်က ဒီည ဘုရားကျောင်း သွားတယ်။ အဲဒါ ဆရာ့ကို ဒီညစာသင်ချိန်လေး ဖျက်ပေးပါ ခွင့်တိုင်မလို့။ လာဆရာ အထဲဝင် အထဲဝင် ဆရာတပည့်ပုဆိုးလဲထားလိုက်" 
ပြောပြီးဆိုပြီး သံပန်းတံခါးကို ကုန်းပြီး တံခါးချက်ဖွင့်ပေးတယ်။ သူ့ခေါင်းအငိုက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ခုလို နှစ်တွေအများကြီး ကြာတာတောင် မမေ့ဘူး။ တမီလ်ဟိန္ဒူမတစ်ယောက်ရဲ့ ညိုဝင်းဝါနေတဲ့ ရင်နှစ်မွှာဟာ လှတာနဲ့ ဆွဲဆောင်မှုရှိတာကို ပေါင်းထားတာပဲ။ ယောင်ပြီး အကြာကြီး ငေးကြည့်နေမိတယ်။ အပျိုတုန်းကဆို ဘယ်လောက်တောင်များ လှလိုက်မလဲ မမမုဆိုးမ ကုလားမလေးရယ်။
"ဆရာ အထဲဝင်လေ"
"အော်ဟုတ်ဟုတ်" 
အထဲကိုဝင်လိုက်တာဟာ ကျွန်တော့်အတွက် နတ်စည်းစိမ်ခံစားရမယ့် ညထဲကို ပျော်ဝင်လိုက်တာပဲ ဆိုတာ အဲဒီတုန်းက ဘယ်သိပါ့မလဲ။
မိုးက လေပါ ပါပြီး ပိုကြမ်းလာတယ်။ ထုံးစံအတိုင်း မိုးကြီးပြီး လေပါလာရင် EPC က မီးဖြတ်လိုက်ပါလေရော။
သူတို့အိမ်က ခေတ်ဟောင်းပုံစံ ဆောက်ထားတဲ့ တိုက်ဟောင်းကြီး။ အတော်မှောင်တယ်။ "ဆရာခဏလေးနော်။ ဖယောင်းတိုင်ထွန်းလိုက်ဦးမယ် အင်ဗာတာက ဆိုင်ပို့ထားရတယ် ဆရာရေ" ဆိုပြီး ဖယောင်းတိုင်သွားထွန်းနေတယ်။ အိမ်ထဲမှာ သူနဲ့ငါ နှစ်ယောက်တည်းပါလား၊ မိုးခိုင်ကလည်း ဘုရားကျောင်းမှာ အိပ်မှာ ဆိုပါလားကို တွေးပြီး ကျော်သူ့ရင်တွေ တဒိုင်းဒိုင်းမြည်လာတယ်။ ရေစိုဝတ်နဲ့ ကျော်သူ့ကို စွပ်ကျယ်လက်စက တစ်ထည်၊ ပုဆိုးတစ်ထည်လာပေးတယ်။ ဖယောင်းတိုင်မီး မှိန်ပြပြအလင်းနဲ့ပဲ ကိုယ်ဝင်နေကျ ကျော်သူ့ အခန်းထဲကို ဝင်လိုက်တယ်။ အခန်းထဲက မှောင်လို့ပေါ့ အင်္ကျီကို အရင်ချွတ် ပြတင်းပေါက်ကနေ ရေကိုညှစ်ချပြီးတော့ လှမ်းလိုက်တယ်။ မျက်နှာသုတ်ပဝါယူပြီး ခေါင်းကို သုတ်။ ပြီးတော့ ပုဆိုးကို ချွတ်လိုက်တယ်။ အဲဒီအချိန် ရုတ်တရက် အခန်းထဲကို ဖယောင်းတိုင် အလင်းရောင်ဝင်လာတယ်။
"ဆရာ ထမင်းစားလိုက်တော့… ဟာ ကန်တော့ ကန်တော့" 
အပေါ်ပိုင်းကို သဘက်စောင်ကြီးခြုံထားပြီး အောက်ပိုင်းဗလာကြီးဖြစ်နေတဲ့ ကျော်သူ့ကို မြင်တော့ စီတာ လန့်ပြီး လက်ထဲက ဖယောင်းတိုင် လွတ်ကျ အောက်ရောက်တော့ ငြိမ်းသွားတယ်။ အရာအားလုံးဟာ မှောင်အတိကို ကျသွားတယ်။ စီတာ ထိုင်လိုက်ပြီး ဖယောင်းတိုင်ကို လိုက်စမ်းနေတာ ကျော်သူ အသံကြားတယ်။ လွှမ်းထားတဲ့ သဘက်စောင်ကို ခါးကို ပတ်လိုက်တယ်။ လိုက်စမ်းနေတဲ့ စီတာ့နားကို ကျော်သူထိုင်ချလိုက်တယ်။ သူ့ရဲ့ အသက်ရှူသံပြင်းပြင်းကို ကြားရတယ်။ ကိုယ်သင်းနံ့ကိုလည်း ရလိုက်တယ်။ ကြက်သီးတွေထောင် ဖျင်းကနဲ ထသွားတယ်။  လိုက်စမ်းနေတဲ့ စီတာလည်း ငြိမ်နေတယ် အမှောင်ထဲမှာ။ ကြမ်းပြင်ပေါ်က လက်နှစ်ဖက်ကို ကျော်သူ ကိုင်ထားလိုက်တော့ စီတာ မရုန်းပါဘူး။ 
"မစီတာ..။ ကျွန်တော့်ကို လက်ခံပေးပါနော်"
စီတာ ဘာမှ ပြန်မပြောဘူး။ ဘယ်ပြန်ပြောနိုင်ပါ့မလဲ။ ယောင်္ကျားနဲ့ ၂ နှစ်ကျော် ကင်းကွာနေတဲ့ မုဆိုးမလေး။ ပျိုရွယ်ပြီး ပညာတတ်ရည်မွန်တဲ့ ကျော်သူ့လို လူငယ်ခပ်ချောချောနဲ့ မှောင်မိုက်နေတဲ့ အခန်းထဲမှာ။ နဂိုထဲက လေးစားရင်းစွဲရှိတဲ့ အသင်အပြကောင်းသူ ကျူရှင်ဆရာ။ စီတာ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ကျော်သူက သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တယ်။ 
"ဆရာ အအေးပတ်မယ်နော်။ ရေတွေခြောက်အောင် သုတ်လိုက်ဦး"
ကျော်သူ အခွင့်အရေးကို လက်လွတ်မခံနိုင်ပါဘူး။ စီတာ့ပါးကို တရှိုက်မက်မက် ခပ်ပြင်းပြင်း နမ်းချလိုက်တယ်။ သူငြိမ်နေတယ်။ နောက်ထပ် ပါးတစ်ဖက်ကို  ထပ်နမ်းလိုက်တယ်။ စီတာ ခေါင်းကို ငုံ့လိုက်ပြီး ကျော်သူ့ရင်ခွင် ထဲ ဝင်လာတယ်။ ခပ်ထွားထွား ရင်သားတစ်စုံက ကျော်သူ့ရဲ့ ဝမ်းဗိုက်အထက်နားကို လာထိတယ်။ သိတဲ့ အတိုင်း ယောက်ျားလေးများဟာ တဏှာစိတ်ထဖို့ မိန်းကလေးတွေထက် လွယ်တယ်။ အောက်က ပစ္စည်းက ဒိန်းကနဲကို ထောင်လာတာ။ နောက်တော့ စီတာ့တစ်မျက်နှာလုံးကို ဘယ်နှစ်ချက် နမ်းမိမှန်း ကျော်သူ့ မေ့သွားတယ်။ ထုံးစံအတိုင်း ပါးတွေနမ်းပြီးတော့ နူတ်ခမ်းကို ဆင်းနမ်းပြီလေ။ 
"ကြမ်းပြင်ကြီးမှာ ဆရာရယ်။ အအေးပတ်မယ်"
"ဆရာလို့ မခေါ်ပါနဲ့လား စီတာရယ်"
"အခန်းထဲဖြစ်ဖြစ် သွားရအောင်လား သူရယ်"
ကျော်သူ နဲ့ စီတာ့ကို အသိစိတ်က ဦးမဆောင်နိုင်တော့ဘဲ ပြင်းပြလောင်မြိုက်နေတဲ့ ဆန္ဒကပဲ ဦးဆောင်နေတော့တယ်။