ကံကြမ္မာ မျက်လှည့် အခန်း (၅)



မနေ့က နွေးနွေးအား ဦးစိုးခိုင်ထံ ထိုးပေးလိုက်ရသဖြင့် အောင်အောင် ကြေကွဲကာ ကိုမိုးနှင့် တစ်ညလုံး သောက်ဖြစ်သည်။ ကိုမိုးက အောင်အောင်နှင့် နွေးနွေး လင်မယား ဖြစ်သည်ကို ရိပ်မိကြောင်း နှင့် စိတ်ဓါတ်မကျရန်၊ တစ်ခြား အလုပ်ရှာ၍ ပိုက်ဆံစုပြီး နွေးနွေးအား ပြန်ခေါ်နိုင်အောင် ကြိုးစားရန် အားပေးသော်လည်း အောင်အောင့်မှာ ဒီငွေပမာဏအတွက် လမ်းစ ပျောက်နေသည်။ မနေ့ညက ကိုမိုး အိမ်တွင် အိပ်ဖြစ်သည်။ မနက် ဘယ်သွား၍ ဘယ်လာရမှန်း မသိသဖြင့် ဝင်းနိုင်ထံ ပြန်ခဲ့သည်။

ဝင်းနိုင်နှင့်တွေ့တော့ အကျိုးအကြောင်း ပြောပြရာ

"အေးကွာ ငါ စိတ်မကောင်းဘူး သူငယ်ချင်းရာ၊ နွေးနွေးလည်း သနားပါတယ်ကွာ၊ မင်းဘာမှ မပူနဲ့၊ ရှေ့တစ်ပတ် ငါ ဆုကြေးထုတ်ရမှာ၊ သိန်း 20 ရမယ်၊ မင်း 15 သိန်း ယူသွားပြီး မင်းသူဌေးနဲ့ သွားညှိလိုက်၊ ဒီရက်ပိုင်းတော့ ငါ့အိမ်မှာဘဲနေ ဟုတ်ပြီလား"

"ကျေးဇူးပါ သူငယ်ချင်းရာ"

အောင်အောင် ဝင်းနိုင် အိမ်သို့ရောက်ပြီး ငါးရက်ခန့် အကြာတွင်

"အောင်အောင် ငါ မင်းကို ပြောစရာရှိတယ်၊ ပြောစရာ ဆိုတာထက် တောင်းပန်မလို့"

"မင်းက ငါ့ကို ဘာ တောင်းပန်စရာ ရှိလို့လည်း"

"ရှိတယ် သူငယ်ချင်းရေ အကြီးကြီးဘဲ၊ မင်း စိတ်အေးအေးထားပြီး နားထောင်၊ ပြီးတော့မှ ငါ့ကို ကြိုက်သလို အပြစ်ပေးကွာ"

"ပြောမှာသာ ပြောပါကွာ"

"ကဲ လာ မပြောခင် ငါ ဝယ်လာတာလေး အရင် သောက်လိုက်ရအောင်ကွာ"

သောက်ရင်း စားရင်း အနည်းငယ် ထွေ လာကျသော်

"ကဲ ပြော ဝင်းနိုင် မင်းပြောမယ့် ကိစ္စ"

"မင်း စိတ်ဆိုးရင်လည်း ငါ့ကို ကြိုက်သလို လုပ်ကွာ၊ ငါ မင်းအပေါ် အပြစ်ကြီး တစ်ခု ကျူးလွန်ထားလို့"

"ဘာလည်း ဝင်းနိုင် နွေးနွေးနဲ့ မင်း ကိစ္စလား"

"ဟင် အောင်အောင် မင်း မင်း"

"ဟုတ်တယ် ဝင်းနိုင်၊ ငါ ငအ တစ်ယောက် မဟုတ်ဘူးကွ၊ မင်းအိမ်မှာ နေတုန်း ငါ site ထဲ ရှိချိန် မင်း နေ့လည်ပိုင်း အိမ် ပြန်ပြန်နေတာ မသင်္ကာခဲ့ဘူး၊ ငါ့ကို ပစ္စည်းဖိုးရှင်းဖို့ ပထမဆုံး မန္တလေးကို လွှတ်တဲ့နေ့ မင်း ကားဂိတ်ကို ပို့ပြီး ပြန်သွားတော့ ငါ ကားပေါ် မတက်ဘဲ လိုက်ချောင်းတယ်။ ပထမတော့ ဒေါသထွက်မိတယ်။ မင်း လုပ်ရက်လေချင်း ဆိုပြီးတော့၊ ဒါပေမယ့် ဘာမှ မဖြည့်ဆည်းပေးနိုင်တဲ့ ငါ့ဘဝကို ငါ ပြန်စဉ်းစားမိပြီး မသိချင်ယောင် ဆောင်နေခဲ့တယ်၊ နွေးနွေးကလည်း မင်းနဲ့ ကျူးလွန်နေပေမယ့် ငါ့ကိုဘဲ ချစ်တယ်ဆိုတာ သိလို့ ငါ မင်းတို့ကို ခွင့်လွှတ်ခဲ့တာပေါ့ ဝင်းနိုင်ရာ"

"ဟားးး သူငယ်ချင်းရာ ကျေးဇူးပါကွာ၊ ငါ ဒီည မင်းအတွက် တစ်ခု စီစဉ်ထားတာ ရှိတယ်၊ ငါ့ ဘက်က ပြန် အလျှော်ပေးတဲ့ သဘောပေါ့"

"ဘာလည်း ဝင်းနိုင်"

"ဒီည ငါ့ ကောင်မလေးနဲ့ ချိန်း ထားတယ် အဲ့ဒါ မင်းကို ပေးကျွေးမလို့"

"ဟျောင့် မင်း လျှောက် မလုပ်နဲ့"

"ငါ သေချာ စဉ်းစားပြီးမှ စီစဉ်ထားတာ သူငယ်ချင်း၊ ပြီးတော့ မိန်းမတစ်ယောက်ကို သူတို့ အလို ပြည့်အောင် ဘယ်လို ပြုစုရမယ်ဆိုတာ မင်းကို သင်တန်းပေးရင် လက်တွေ့ ဆင်းခိုင်းမလို့လေ"

"အာ ဝင်းနိုင် မင်းဟာက ကြည့်လုပ်ဦး ဟိုက လက်မခံလို့ နှစ်ယောက်စလုံး Jail အောင်းနေရဦးမယ်၊ ပြီးတော့ ငါ ဖါမချဘူးနော်"

"ဟျောင့် ဖါသည်မ မဟုတ်ဘူးကွ၊ ငါယူမဲ့ဆော်ကွ၊ မင်းမို့လို့ ပေးကျွေးတာ၊ စိတ်ချ ငါ နွေးနွေးနဲ့ မှားတဲ့အကြောင်း ပြောပြပြီး ပြန်ပေးဆပ်ချင်ကြောင်း ပြောပြတော့ ငါ့ အတွက်ဆိုရင် သူ လိုက်လျှောမယ် တဲ့ကွ"

"အေးလေ မင်း အဆင်ပြေရင် ပြီးတာဘဲ"