ငယ်ငယ်တုန်းကခင်တယ် အပိုင်း ၁

အပိုင်း ၁
          "ငါ သိပ် အထီးကျန်တယ် သူငယ်ချင်း။ ဒါကြောင့်နင့်ကို ငါ ကိုယ်ချင်းစာတယ်" လို့ ကျွန်တော် ပြောလိုက်တော့ နွယ်နီက ကျွန်တော့်ကို အကြောင်သား ကြည့်နေတယ်။
"နင်က အထီးကျန်ရအောင် ရည်းစားကြီး ငုတ်တုတ်နဲ့လေ။ ငါက အသည်းကွဲနေတာဟဲ့"
"ငါ့ရည်းစားက နိုင်ငံခြားမှာလေ။ ကြာပြီဟ။ ငါက ရည်းစားရှိတယ်လို့ နာမည်ပဲရှိတာ။ ငါပြောတာ နင်သဘောပေါက်ပါတယ် နွယ်နီရာ"

ကျွန်တော်နဲ့ နွယ်နီက ငယ်ငယ်ကတည်းက မောင်နှမလို နေခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက ရည်းစားရှုပ်တယ်ဆိုပေမဲ့ နွယ်နီ့ကိုတော့ မောင်နှမလိုသာ ဆက်ဆံတယ်။ ယောင်္ကျားလေး သူငယ်ချင်းတွေလိုပဲ ချစ်တယ်။ ဟိုကောင်တွေနဲ့ ဘောလုံးသွားမကန်ဖြစ်တဲ့ နေ့ဆို နွယ်နီ့အိမ်သွား၊ သူကျွေးတဲ့မုန့်စား၊ ခွေကြည့်နေကျ။ နွယ်နီက ကျွန်တော့်ကို ကြိုက်နေတယ်လို့ ဘော်ဒါတွေက နောက်ကျရင်တောင် ကျွန်တော်က ဘုကြည့်ကြည့်တာ။ ကျွန်တော် တခြားမိန်းကလေးတွေနဲ့ ရှုပ်ပေမဲ့ သူ့ကိုတော့ ကျွန်တော့်ရဲ့ အများကြီးတွေထဲက တစ်ယောက် အဖြစ်မခံပါ။ သူ့အပေါ်ထားတဲ့ ကျွန်တော့် အချစ်က ဒီလို။ သူ့အမေနဲ့လည်း ကျွန်တော်က ခင်တယ်။ ခုတော့ ကျွန်တော်တို့နှစ်ယောက်က ကလေးတွေမဟုတ်ကြတော့။ နှစ်ယောက်လုံး အသက် ၃၀ နီးပါး။ ကျွန်တော်က အိုင်တီ ကုမ္ပဏီတစ်ခုမှာ ဆော့ဖ်ဝဲအင်ဂျင်နီယာ။ နွယ်နီက နာမည်ကျော် ဟိုတယ်တစ်ခုမှာ ကောင်တာထိုင်သူ။ receptionist ပေါ့။ ငယ်ငယ်ကလောက် မတွဲဖြစ်တော့။ တခါတလေ အွန်လိုင်းက စကားပြောဖြစ်တယ်။ ကလေးတွေလည်း မဟုတ်ကြတော့ သူ့အိမ် ဝင်ချင်တိုင်း ဝင်နေတာလည်း မသင့်တော်တော့။ ပြီးတော့ ကျွန်တော်ကလည်း ဇာတိမြို့ငယ်လေးက ပြောင်းသွားပြီလေ။ သူနဲ့ ကျွန်တော်နဲ့ကြား နောက်ထပ် အလှမ်းကွာရတဲ့ အကြောင်းရင်း နောက်တစ်ခုက သူ့ရည်းစားပါ။ ဒီကောင်က တော်တော်ဂျေကြီးတယ်။ နွယ်နီပဲ မိတ်ဆက်ပေးလို့ သိတာပါ။ ကျွန်တော်ကတော့ ကိုယ့်သူငယ်ချင်းရဲ့ဘဲ ဆိုပြီး ခင်ခင်မင်မင် နေပါတယ်။ ကျွန်တော်နဲ့ ဖက်လဲတကင်းနေတာ ကြိုက်ပုံမပေါ်။ ဒီကောင် စိတ်မချလည်း မချချင်စရာ။ နွယ်နီက ငယ်ငယ်ကတည်းက မိုက်တာ။ ခုလို အသက်သုံးဆယ် ဆိုတော့ တင်တွေ ရင်တွေက တော်တော်လှတယ်။ မျက်စိထဲမြင်အောင် ပြောရရင် ဗမာကြိုက် ခပ်တစ်တစ် ငါးရံ့ကိုယ်လုံးမျိုး။ ကျွန်တော့် သူငယ်ချင်းမ မျက်နှာကတော့ သိပ်အလှကြီးမဟုတ်ပါ။ ဒါပေမဲ့ ရုပ်ဆိုးတဲ့အထဲလည်း မပါဘူး။ 

တစ်ရက်နွယ်နီ ဖုန်းဆက်တယ်။ ဖုန်းကို ကျွန်တော် စပြီး ဖြေကတည်းက ငိုတော့တာပဲ။ နာရီဝက်လောက်ကြာမလားပဲ ကျွန်တော့်အထင်။ ကျွန်တော်က "ဟဲ့ သူငယ်ချင်း ဘာဖြစ်တာလည်း ငါ့ကို ပြောစမ်း။ နင့်အမေ နေမကောင်းဘူးလား " ဘာညာ မေးတာပေါ့။ နွယ်နီမ က ဟင့်အင်း လို့ပြောပြီး ငိုပဲ ငိုနေတယ်။ ပြီးတော့မှ "ငါ့ကို သူထားသွားပြီဟယ်" လို့ တစ်ခွန်းပြောတယ်။ သနားပါတယ်။ သူငယ်ချင်း အပျိုကြီးမမတော့ ရည်းစားဦးမှာ ခံရရှာပြီ။ ကျွန်တော်ကတော့ သူပေါ့ပေါ့ ပါးပါးဖြစ်အောင် ပြန်ပြောပေးပါတယ်။ "အမယ်လေးဟယ် ရည်းစားနဲ့ ပြတ်တာများ။ ငါဆို ခဏခဏ ရည်းစားထား၊ ခဏခဏ ပြတ် နဲ့ အသဲကွဲတာ ရိုးနေပြီ အေးဆေးပေါ့ နွယ်နီရာ"
"မတူဘူးဟဲ့။ ငါကမိန်းကလေး"
"မိန်းကလေးတွေ ဘာတွေ လုပ်မနေနဲ့။ ဒီတစ်ပတ် ရုံးပိတ်ရက် ငါ့ဆီလာခဲ့။ ငါတို့ သူငယ်ချင်းနှစ်ယောက် ငါ့အခန်းမှာ ဟော့ပေါ့ လုပ်စားကြမယ်။ နင်စိတ်ပြေလက်ပျောက်ပေါ့"

တကယ်ဆို နွယ်နီ့ကို ကျွန်တော် မခေါ်ခဲ့သင့်ပါဘူး။ ဒီလိုသာ မခေါ်ခဲ့ဘူးဆိုရင် နွယ်နီလည်း ကျွန်တော့်ရဲ့ တိတ်တိတ်ပုန်း ရည်းစား အဖြစ် မျက်နှာငယ်ရမှာ မဟုတ်သလို၊ ကျွန်တော်လည်း ကျွန်တော့် ချစ်သူကို သစ္စာဖောက်ဖြစ်မှာ မဟုတ်ဘူး။ 
သူဟိုတယ်မှာ နားရက်ရတော့ ကျောက်မြောင်းက ကျွန်တော့်တိုက်ခန်းကို ဟင်းချက်စရာတွေနဲ့ ရောက်လာတယ်။ သူတံခါးခေါက်တော့ ကျွန်တော် အိပ်ရာထဲမှာ ကွေးကောင်းတုန်း။