ချန်ထားရစ်မယ်ဆိုလည်း ဘယ်တတ်နိုင်မလဲ အချစ်ရယ် ၎



" အေးပါ သွန်းရာ ငါနားလည်ပါတယ် "

နောက် ၂ပတ်လောက်တွင် - သွန်းဆက်နဒီ အိမ်သို့ ဘုန်းပြည့်စုံ ရောက်လာသည်။ သားငယ်လည်း ရှိနေသည်။

" သွန်း - နေမကောင်းဘူးဆို - ခု မောင်လာကြည့်တာ သက်သာရဲ့လား " ချစ်သူ နဖူးလေးအား ကိုင်ပြီး မေးလိုက်လေသည်။

" သက်သာပါပြီ မောင်ရဲ့ စိတ်မပူနဲ့ "

" မနက် ဘာစားပြီးပြီလဲ ဆေးလဲမှန်မှန်သောက် အားရှိအောင် များများအိပ်နော် "

" ဟုတ်တယ် သွန်း ဆေးသောက်ပြီး အိပ်ရေးဝဝအိပ် ညကြ ငါလာစောင့်ပေးမယ်လေ " သားငယ်မှ ဝင်ပြောရာ - သွန်း မျက်နာလေးပျက်ကာ " ဟာ သက်သာနေပါပြီ သားငယ်ရ မလိုပါဟူးဟယ် " ပြောပြီးပြီးချင်း မောင့်မျက်နာလေးအား မော့ကြည့်မိသည်။မောင် တစ်ယောက် စိုးရိမ်စိတ်ကလေးနှင့် သွန်းအား ပြန်ကြည့်နေသည်။

" ဟူးးး သွန်းနားလည်ပါတယ် မောင်ရယ် - ဒါပေမယ့် အိုရ် ငါမတွေးတော့ဘူး အဲကိစ္စက မမျော်လင့်ပဲ ဖြစ်တာ မောင့်ကို တနေ့ ပြောပြပြီး ပေးတဲ့အပြစ်ကို ကျေကျေနပ်နပ် ခံယူမှာပါ "

" ကဲ မောင်ပြန်ဦးမယ် သွန်း - ဖေဖေက ဒီနေ့ ဆေးရုံက ဆင်းရမလား မသိဘူး "

" ဟုတ် မောင် - ဖေဖေ့ကို ဂရုစိုက်နော်မောင်"

ပြန်တွေးကြည့်တိုင်း ရင်ဘတ်ကြီးတခုလုံး စုတ်ပြတ်သတ်နေအောင် ခံစားရတဲ့ညပေါ့ဗျာ။ အရင်ကဆို " Gn - မောင် - အိပ်မက်ချောချောမက်ပါစေ " ချစ်သူအသံလေးကြားမှ အိပ်ပျော်တတ်တဲ့ကျနော် - ခုဆို ညတိုင်း နာကျင်နေခဲ့ရတာပါ။ ချစ်သူနေမကောင်းဖြစ်တဲ့နေ့ - အဲဒီညကပေါ့ ၁၀နာရီလောက် ဖုန်းလှမ်းခေါ်လိုက်တယ် ဆေးသောက်ပြီး စောစောအိပ်ဖို့ ပြောရင်း နုတ်ဆက်မလို့ပါ။ ဟူးးးး ကျနော် ရင်နာလိုက်တာ ဖုန်းထဲက ယောင်္ကျားသံဗျ ပြန်ထူးနေတာ - ကျနော် သိတာပေါ့ဗျာ ဒါ သားငယ်အသံပဲ။

" ခဏလေး ကိုဘုန်းပြည့်စုံ သွန်း အဝတ်စားလဲနေတာ အိပ်တော့မလို့တဲ့ " စဉ်းစားကြည့်ဗျာ ကျနော့်နေရာကနေ - မကြာပါဘူး

" ဟိတ် - သားငယ် ဘာလို့ စိုက်ကြည့်နေတာလဲ - အောက်ခံလဲတော့မလို့ သွား ဟိုဖက်လှည့် " ကျနော် တကိုယ်လုံးအေးစက်လာတယ်။ ဖုန်းကိုင်ထားတဲ့ လက်တွေ တုန်ရင်လာတယ်။

" သွန်း - ကိုဘုန်းပြည့်စုံ ဆီက ဖုန်းလာတယ် ရော့ "

" ဟင် ဟုတ်လားး နင် စောစောကမပြောဘူး ခုဖုန်းဖွင့်ထားလား "

" နင် အဝတ်စားလဲနေတဲ့ အကြောင်း ပြောလိုက်တာပါ ရော့ ဖုန်းကဖွင့်ထားတုန်းထင်တယ် "

" ဟာ သားငယ်ရာ ခဏစောင့်ဆို ရနေတာပဲ နင်က အရစ်ရှည်တယ် - ဟိတ် နောက်ဆုတ်နေသွား - အာ ကျွတ် နင်မကဲနဲ့ဟာ ငါ မောင်နဲ့စကား ပြောမလို့" ဖုန်းထဲက ကျနော် အားလုံးကြားနေရတာ။

" ဟဲလို မောင် ပြောလေ ------- -------- -------- ------- ဟဲလို - မောင် ကြားလား ပြန်ပြောဦးလေ မောင်ရဲ့ - ဟဲလို ဟဲလို "

သွန်း အသံကို ကျနော် မကြားချင်ယောင်ဆောင်ပြီး ဖုန်းပိတ်ပစ်လိုက်တယ်ဗျာ။

#ဘုံခုနှစ်ဆင့် ( အတွေးပင်လယ်အတွက် ရေးသားခဲ့သည်။ )

အပိုင်း ( ၅ ) ဆက်ရန်