ချန်ထားရစ်မယ်ဆိုလည်း ဘယ်တတ်နိုင်မလဲ အချစ်ရယ် ၆ ဇာတ်သိမ်း
" ဒီနေ့ အရမ်းကို ချစ်ဖို့ကောင်းတာ သွန်းက ကြည့်နေရင်း - မောင် အသည်းယားတာကွာ - သွန်း ဒီမှာ ခဏထိုင်ပြီး ရုပ်ရှင်သွားမှာနော် "
လက်ရှည်အင်္ကျီ စတစ်နက်ပြာရောင်လေးနဲ့ ပုဆိုးအနက်လေးက မောင့်စတိုင်ကို ပြီးပြည့်စုံစေတယ် ငေးကြည့်မိရင်း
" သွားလေ မောင်ရဲ့ မသွားတာတောင် ကြာပီမလား ခ်လ်းးး " နေ့လည်ပွဲကြည့်မှာမို့ လက်မှတ်ကြိုဝယ်ရင်း သွားမယ်လို့ ကျနော်ဆုံးဖြတ်လိုက်တယ်။
ထိုစဉ် " တီ တီ တီ " ချစ်သူဖုန်းလေး မြည်လာပါတယ်။ ကျနော်လည်း အအေးဖိုးရှင်းရန် ပိုက်ဆံထုတ်လိုက်တာပေါ့။ဖုန်းမြည်သံကြောင် ကျနော်တို့ စကားပြောရင်း ရပ်သွားရပီလေ။ သူဖုန်းပြောချိန် ကျနော်ပိုက်ဆံရှင်းလိုက်မလို့ပါ။
" ဟဲလို "
" ~~~~~~~~~~ "
" ဟာ - နင် ဘယ်လိုဖြစ်တာလဲ သားငယ်ရာ - နင်က ငါ့စကားမှ နားမထောင်တာ ခု ဘယ်မှာလဲ ဒဏ်ရာများလားးး "
" ~~~~~±±~~~~ "
" ဟူးးးးးးးးး နင့်အိမ်မသိစေချင်မှတော့ ငါလာရတော့မှာပေါ့ "
သွန်းက ကျနော့မျက်နာကို မော့ကြည့်နေတာ တောင်းပန်တဲ့အကြည့်ပါ။
" မောင် - သားငယ် အက်စီးဒင့် ဖြစ်လို့ ဆေးရုံမှာ သူအိမ်မသိစေချင်လို့တဲ့ - အဲ့ဒါ - ဟို --- ဟိုလေ သွန်းလိုက်သွားရမှာမို့ - ရုပ်ရှင် နောက်ရက်မှ ကြည့်ရအောင် နော် မောင် "
ဟူးးးးးးးးးးးးးးး သူငယ်ချင်းဘက် အမြဲအလေးသာနေတဲ့ ချစ်သူကို နားလည်ပေးနေရတာ ကျနော် ပင်ပန်းလှပြီဗျာ။
"သွန်း သူ့မှာ တခြားသူငယ်ချင်း မရှိတော့ဘူးလား တခြားဆွေမျိုး မရှိတော့ဘူးလား - မောင့်ထက် သူက သွန်းဘဝမှာ အရေးပါနေပြီလားးး "
" ဟင် မောင်ရယ် ဘယ်လိုပြောလိုက်တာလဲ သွန်း မောင့်ကိုချစ်တာ မောင်သိရဲ့သားနဲ့ - ခုဟာ ~~~ "
" တော်စမ်းပါ သွန်းရာ ငါနားလည်ပါပြီဟာ "
ပြောပြီးမှ ကျနော့်ကိုယ်ကျနော် အတ္တကြီးနေပြီလား ပြန်မစဉ်းစားချင်တော့ပါ။
" ကျွတ် - ဒါတော့ မောင် သက်သက်ရစ်တာပဲ "
" ဘာာာ -------- ဟာကွာ "
ကျနော် သွန်းအနားကနေ ပြေးထွက်ခဲ့လိုက်တယ်။ဒီနေ့က ကျနော့်အတွက် အဓိပ္ပယ် မရှိတော့ပါဘူးလေ။ကျနော် နေနိုင်ခဲ့ပါပြီ။
၅ရက်မြောက်နေ့ ချစ်သူဆီက ဖုန်းဝင်လာတယ်ဗျာ ထိုင်နေကြနေရာလေးက စောင့်ပေးပါတဲ့။
" ဆောရီး မောင်ရယ် ဒီလာခါနီးမှ သားငယ်ဆေးရုံဆင်းလို့ သွန်း လိုက်လုပ်ပေး~~~ "
ချစ်သူပုံစံက ရေးကြီးသုတ်ပြာ လာခဲ့ရပုံ - ကျနော်စကားပြန်မပြောပဲ နေသည်ကို သတိထားမိပုံ ရသွားသည်။
" မောင် စိတ်ဆိုးနေတာလားဟင် ဘာမှလည်း မှာမထားသေးဘူး သွန်းမှာလိုက်မယ်လေ မောင် "
ချော့နေတဲ့ချစ်သူကို ကျနော်နာကျင်ခြင်းများစွာနဲ့ကြည့်နေမိတယ်။
" ဒီနေ့ ဘာမှမသောက်တော့ဘူးလေ အမှတ်တရပေါ့ "
ကျနော့်စကားကို သူနားလည်ပုံမရဘူးဗျ။တိုက်တိုက်ဆိုင်ဆိုင် သူဖုန်းစခေါ်တဲ့နေ့ ခုလည်း သူဖုန်းဆက်ချိန်းတာ ဒီနေ့။
" ဒီနေ့ ဘာနေ့လဲ မှတ်မိလား သွန်း - မောင်တို့ ရည်းစားသက်တမ်း ၃နှစ်ပြည့်တဲ့နေ့ "
" ဆောရီးပါ မောင်ရယ် သွန်းမေ့နေလို့ပါ အမှတ်တရ လက်ဆောင် တခုခု ဝယ်ပေးမယ်လေ နော်မောင် "
ကျနော့်ရင်ထဲ ဆို့တက်လာတယ်ဗျာ သူ့ဘက်က ဖုန်းဆက်ချိန်းလို့ ချစ်သူသက်တမ်း၃နှစ်ပြည့်ကို အမှတ်တရ လုပ်မယ်ထင်ထားမိတာ။ သူငယ်ချင်းအတွက် စိုးရိမ်ပူပန်နေတဲ့ချစ်သူ။ သူ့ကိုကြည့်ရင်း ကျနော်ရင်နာလိုက်တာဗျာ။
ကျနော်က သိပ်ချစ်တတ်တဲ့ ကောင်ပါဗျာ - အချစ်ကြီးပေမယ့် လူတစ်ယောက်ရဲ့ နှလုံးသားကို ချုပ်ကိုင်ထားရလောက်အောင် အတ္တတော့ မကြီးချင်တော့တာပါ။
ကျလာတဲ့ မျက်ရည်တွေကြောင့် ကျောခိုင်းသွားတဲ့သူ့ပုံရိပ်လေးက တဖြည်းဖြည်းဝေ့ဝါးလို့ပေါ့။နောင်ဘဝဆိုတာရှိခဲ့ရင် ချစ်သူ့ရင်ခွင်ကို အပိုင်သိမ်းယူနိုင်သော တစ်ယောက်သောသူဖြစ်ပါရစေသား။
&&&&&&&&&&&&&&&&&&&&&&&&&&
ရင်၌ဖြစ်သော အချစ်ကိုစီးနင်း
ခရမ်းပြာအိပ်မက်တွေကြားမှာ
ရင်နင့်အောင်ချစ်ခဲ့ဖူးပါသလား
သမုဒယ အတုပ်နှောင်ထဲ
ချန်ထားရစ်မယ်ဆိုရင်လည်း
ဘယ်တတ်နိုင်မလဲ အချစ်ရယ်
( အဆုံးထိဖတ်ပေးသော မိတ်ဆွေများအားလုံး ကျေးဇူးတင်ရှိပါသည်။ )
#ဘုံခုနှစ်ဆင့် (အတွေးပင်လယ်အတွက် ရေးသားခဲ့သည်။)