စီတာ ၂
(ဂ)
"ဆရာ ဒီမှာ ညအိပ်ပြီး စာသင်တဲ့နေ့ အမျိုးသမီးကို ထားခဲ့ရမှာပေါ့"
"အာ…ကျွန်တော်က အမျိုးသမီးမရှိပါဘူး။ အမေနဲ့ နေတာဗျ"
အော် လို့ တစ်ခွန်းပဲ ပြောပြီး စီတာ က အခန်းကို ဆက်ရှင်းနေတယ်။ ဒီနေ့ မိုးခိုင် အလှူတစ်ခုပါသွားတာကြောင့် အိမ်ပြန်ရောက်နောက်ကျတယ်။ ခုမှ ရေချိုးနေတုန်း။ စီတာ က ကျော်သူသောက်ဖို့ လက်ဘက်ရည် လာချပေးရင်း မိုးခိုင် အခန်းကို ရှင်းရင်း စကားပြောနေတာ။ ကျော်သူ ကတော့ လက်ဘက်ရည် ချပေးရင်း မြင်လိုက်ရတဲ့ နို့အမွှာကြီး မြင်ကွင်းကြောင့် ဘာတွေပြောနေမှန်းတောင်မသိဘူး။
"မစီတာ ကျွန်တော့် စက်ဘီးကို ထားခဲ့လို့ရမလား နေ့ခင်းနေ့လယ်"
" ရပါတယ် သော့တော့ ခတ်သွားဆရာရေ။ နေ့ခင်းက အလုပ်သမားတွေနဲ့ လူများတယ်။ ညဆိုရင်တော့ ကျွန်မတို့ မောင်နှမ နှစ်ယောက်တည်း။ နေ့ခင်းမှ မဟုတ်ပါဘူး တခြားညပိုင်းတွေလည်း လာပါဆရာ။ ထမင်းလေးဘာလေး ဝင်စားပေါ့"
စားချင်တာ ထမင်းမဟုတ်ဘူး ဒေါ်ကုလားမရဲ့ လို့ ကျော်သူ စိတ်ထဲကပဲ ပြောလိုက်ပါတယ်။
"မစီတာ ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကို ပြောပါ။ မိုးခိုင် အမ ဆိုတော့ ကျွန်တော့ အမ လိုပဲပေါ့"
ကိုင်း ဖြစ်ချင်တာဖြစ် ကျော်သူကတော့ စကား လမ်းကြောင်းနေပြီ။ "ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မ ကတော့ ဘာမှ မလိုပါဘူး။ တစ်ယောက်တည်းဆိုတော့ ပျင်းတာပါပဲ။ မောင်တစ်ကောင် ရောက်လာမှ သူ့ဝေယျာဝစ္စ နဲ့ ဆိုင်အလုပ်ပဲရှိတာ"
"ကျွန်တော်လည်း ကျောင်းစာ နဲ့ ကျူရှင်တွေနဲ့ ပဲ လုံးလည်လိုက်နေတာ။ တစ်ခါတစ်ခါတော့ တော်တော် ပျင်းခြောက်ခြောက်နိုင်တယ်။ စက်ရုပ်လိုပဲလေ" ကျော်သူ တစ်ယောက် သူသိပ်ကြိုက်တဲ့ စပါယ်ရှယ် မျက်လုံး ကြီးတွေကို ဆုံအောင်ကြည့်ပြီး ပြောချလိုက်တယ်။ ကျော်သူ ပြောချင်တာကို စီတာ သဘောပေါက်တဲ့ ပုံပဲ။ သူ့ကို ပြန်ကြည့်နေတယ်။ ပြီးမှ ခေါင်းကို ငုံ့ပြီး သက်ပြင်းချနေတယ်။ သိပ်လှတဲ့ ရင်နှစ်မွှာကတော့ နိမ့်လိုက်မြင့်လိုက်ပေါ့။ ကျော်သူကလည်း ဒီနေ့မှ ဘာတွေဖြစ်ပြီး နူတ်သွက်အာသွက်ဖြစ်နေမှန်းမသိ။ မထူးဘူး ဆိုပြီး လက်ပါသွက်လိုက်တယ်။ စားပွဲပေါ်တင်ထားတဲ့ စီတာရဲ့ လက်ညိုညိုဖောင်းဖောင်းအိအိလေးကို အုပ်ကိုင်လိုက်တယ်။ "ကျွန်တော်နဲ့ စကားပြောရတာ ပျော်တယ်မဟုတ်လား စီတာ"
"ဟိုမှာ မိုးခိုင် လာနေပြီ" ဆိုပြီး သူ့လက်ကို ရုတ်ကနဲ ဖယ်သွားပြီး အခန်းထဲက မပြေးရုံတမယ် ထွက်သွားတယ်။ သူ့ရယ်သံလေး ကျန်ခဲ့တာမို့ စိတ်ဆိုးသွားတာ မဟုတ်ဘူးဆိုတာ ကျော်သူ သိတယ်။ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားတာ ဘယ်လိုမှန်းမသိဘူး။ ခဏနေ မိုးခိုင် ရေချိုးအဝတ်အစားလဲပြီး ဝင်လာတော့ စာစသင်တယ်။ စာသင်ရင်း ဘာတွေ ပြုံးစိစိ ဖြစ်နေတာလဲလို့ မိုးခိုင်က တောင်မေးရတယ်။ စိတ်ကတော့ စီတာ့ ဆီမှာ အပြည့်ရောက်နေတာ။ ခဏနေတော့ ဒေါ်ကုလားမ က လက်ဘက်တွေသုတ်ပြီး ဝင်လာတယ်။ "ဆရာတို့ ဆရာ တပည့် စာလုပ်ရင်း စားရအောင် ကျွန်မ သုတ်လာတာ" တဲ့။
ကျော်သူ နဲ့ မိုးခိုင် ဘေးမှာ ဝင်ထိုင်တယ်။ "ဒီကောင် စာလုပ်ရဲ့လားဆရာ" သူ့ကိုယ်သင်းနံ့က အဆန်းဗျ။ မုန်ညှင်းဆီ နံ့ နဲ့ ပရုပ်မှုန့်နံ့ပေါင်းထားတာ။ ခင်ဗျားတို့ အဲဒီအနံ့သိချင်ရင် ဟိန္ဒူမတစ်ယောက်ကို ရည်းစား ထားကြည့်လို့ပဲ အကြံပေးရမယ်။ "စာလုပ်ပါတယ်။ မိုးခိုင် က ကြိုးစားတယ်" လို့ ကျွန်တော် ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တယ်။ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေကတော့ တခြားစကားတွေပြောနေတာပေါ့။ မိုးခိုင် မမြင်အောင် စားပွဲအောက်ကနေ စီတာ့လက်ကို ကျော်သူ ကိုင်ထားလိုက်တယ်။ စီတာ က ဖွဖွလေး ဆွဲဆိတ်ပြီး မသိမသာ မျက်စောင်းထိုးတယ်။ "ကဲကဲ…ဆရာတို့ကို မနှောက်ယှက်တော့ဘူး။ ကျွန်မ အိပ်တော့မယ်။ ရေခဲသေတ္တာထဲမှာ နွားနို့ ကြိုပြီးသားရှိတယ်။ ဆာရင် ထသောက်ကြနော်" လို့ပြောပြီး ထထွက်သွားတယ်။ ကျော်သူဆိုတာ ရင်ထဲမှာ ဟာကနဲ ဖြစ်သွားတာပဲ။ည မိုးခိုင် အခန်းထဲမှာ အိပ်နေတုန်း တရှူးရှူး နဲ့ အိပ်နေတဲ့တပည့်ကျော်ကို ကြည့်ပြီး ခုနေများ စီတာ့ အခန်းထဲ ဝင်လိုက်ရရင်လို့ တွေးမိတယ်။ သူများအိမ်မှာ ကျောင်းဆရာတစ်ယောက်အနေနဲ့ ခုလိုလုပ်ဖို့ မတော်ပါဘူးလေ ဆိုပြီး ဆန္ဒကို အတင်း သိက္ခာနဲ့ ထိန်းလိုက်ရတယ်။
(ဆက်ရန်)