နှုတ်ဆက်စာ
"ဟဲ့... ဒါကဘယ်သွားမလို့လဲ.."
"ဟာ... ဟိုနားဒီနားပါ.. ဘာတွေလိုက်ပွားနေတာလဲ... စိတ်လေတယ်..."
ဆံပင် ဘုတ်သိုက်ကို တဗြင်းးဗြင်းကုပ်ရင် ထူးခက်အိမ်ပြင်ထွက်လာခဲ့သည်...
"တောက် အိမ်ကလည်း မုန့်ဖိုးကလဲတောင်းမရဘူး... "
"ဟာကွာ..." ဝုန်းဝုန်းဝုန်း.... လမ်းဘေးက အအေးခွံတစ်ခုကို စိတ်မကြည်မသာဖြင့် ကောက်ကန်လိုက်တော့ လမ်းဘေးနားကထမင်းဆိုင်ဒယ်ဒိုးနားသွားကျပြီးမှောက်ကျကုန်သည်...
"ဟဲ့ မိမဆုံးမ ဖမဆုံးမလေး နင့် အမေလင်ဆိုင်များမှတ်နေလား.... သေချင်းဆိုးလေး.... @#¿$*£€|£$*#"
ဒါမျိုးကိုကြုံနေကျဖြစ်သော သူ့အတွက် ခက်ယဲ့ယဲ့ပြုံးကာ ထွက်လာခဲ့သည်။
"တိုင်မယ် တိုင်မယ် နင်တို့ကို ရပ်ကွက်ရုံးနဲ့ကိုတိုင်ဦးမယ်... "
သူမကြားချင်ယောင်သာဆောင်ထွက်လာခဲ့လိုက်သည်။ ဒါမျိုးကသူ့အတွက်မထူးဆန်းတော့ ကျန်တာအိမ်ကရှင်းလိုက်လိမ့်မည်။ မွေးထားတာပဲ အဲ့လောက်တော့ရှင်းကျပေါ့။
ဪ ဒါနဲ့ ကျနော့ကိုကျနော် မိတ်ဆက်ပေးရဦးမယ်။ ကျနော့ နံမည်ကထူးခက် နံမည်အရင်းကလဲဒါပဲ။ မွေးချင်းကနှစ်ယောက် အမရယ်ကျနော်ရယ်ပေါ့။ အမကတော့တော်တော်အေးသည်။ အဖေက သူ ၈တန်းနှစ်မှာဆုံးသည်။ အဖေမရှိတော့အိမ်က အဆင်မပြေတော့ ကျနော်ကိုးတန်းနှစ်မှာ ဒီရပ်ကွက်ဖက်ကိုပြောင်လာရသည်။ ဒီရပ်ကွက်က အကိုကြီးတွေနှင့်ပေါင်းဖြစ်ပြီး လေရင်း ကိုးတန်းတစ်နှစ်ကျခဲ့သည်။ ပြောရရင် ဂျစ်ကန်ကန်လူဆိုးလေးတစ်ယောက်ဖြစ်လာခဲ့သည်ပေါ့။ ဒီရပ်ကွက်ထဲက Senior အကိုကြီးတွေကိုအားကျမိသည် အမြဲ ပုဆိုးတိုတိုနှင့် Fighterကျကျနေတတ်ကျသည်။ သူတို့ နှင့်တွေ့တိုင်း ဘယ်မှာဘယ်လိုရန်ဖြစ်ခဲ့တာ ဘယ်လိုကြုံးခဲ့တာ စသည်ဖြင့်နားထောင်ရတာ မရိုးနိုင်ခဲ့။ အားအကျဆုံးကျ သူတို့ ပြောသောဟိုဟာ ဒီဟာအကြောင်းတွေပါပဲ။ ဘယ်ဆော်နဲ့ ဘယ်လိုတွဲပီးဘယ်လို ဖြစ်ခဲ့တယ်ဆိုတာမျိုးပေါ့။ စော်တွေနဲ့ ဘယ်လိုနေရတယ်ပြောပြတိုင်း ထူးခက်စိတ်ထဲက အားကျသည့်အပြင် ကိုယ်တိုင်ပါဖြစ်ချင်လာမိသည်။ အတန်းထဲက မိန်းကလေးတွေကလဲ ရွယ်တူမို့ စိတ်ကိုမဝင်စားချင်။
အိမ်ဘေးကရွယ်တူသူငယ်ချင်းများကလဲ ဆယ်တန်းရောက်သွားပြီမို့ သိပ်မခေါ်မပြောချင်။ အဲ့တော့ လမ်းထဲက အကိုကြီးတွေနဲ့ပေါင်းပြီးဆေးလိပ်သောက် အရက်သောက် ဆေးချတတ်လာသည်။ အဲ့တာကိုသိတော့ အိမ်ဘေးက ကိုးတန်းတူတူတတ်ခဲ့ဖူးတဲ့ကောင်ကတားသည်။
"မင်းအဲ့တာတွေဆက်လုပ်နေရင် မင်းအိမ်ကိုငါတိုင်ရလိမ့်မယ်"
"နေစမ်းပါကွာ မင်းအလုပ်မင်းလုပ်စမ်းပါ... ဆရာကြီးလာမလုပ်စမ်းပါနဲ့"
သူနဲ့ကျနော်စကားများပြီးမခေါ်မပြောဖြစ်တော့၊နောက်တစ်ခေါက်ကျနော် ဆေးချမိတာ သူသိသွားတော့ အိမ်ကိုသွားတိုင်သည်။ အမေက ကျနော့ကို မိတဆိုးလေးမို့အလိုလိုက်ထားတာဆိုသော အက်ကြောင်းထက်စကားနဲ့ တံမြက်စည်းကွဲအောင်ရိုက်သည်။ အဲ့တာတွေရဲ့ အဆုံးသတ်ရလဒ်အရ ကျနော်အိမ်ပေါ်ကဆင်းလိုက်သည်ပေါ့။ အိမ်ပေါ်ကဆင်းတော့ ဘော်ဒါ အကိုကြီး တစ်ယောက်ဖြစ်တဲ့ ကိုဘို အိမ်မှာသွားနေရင်း သူနဲ့အတူဆိုးကျသည်ပေါဗျာ။ သူ့နဲ့ကြိုက်နေတဲ့စော်က လိုင်း ကစော်။ သူ့စော်က သူ order ရတိုင်းသူ့ကိုထောက်ပံသည်။ သူက order ရှာပေးတယ်ပေါ့။ အဲ့လိုနဲ့ တစ်နေ့ သူ့အိမ်မှာ ဆေးချနေရင်းသူက မင်းဟိုဟာလုပ်ဖူးလားတဲ့။ ကျနော်လည်း လုပ်ဖူးဖို့နေနေသာသာ စော်တောင်ကျကျနနထားဖူးတာမဟုတ်။ သူ က ချိတ်ပေးမယ်တဲ့၊ ကျနော်က ပိုက်ဆံမရှိသေးဘူးပြောတော့ ပြီးမှပိုက်ဆံပြန်ပေးတဲ့။ အဲ့တာ နဲ့ ကျနော်လည်းအဲ့ ညက လူကလည်းကွဲနေတဲ့ အချိန်မှာ ကိုဘိုက စော်တစ်ဗွေခေါ်ချလာသည်။
"ကဲ ညီလေး မင်းစိတ်ကြိုက်ပဲ " တဲ့၊ ကျနော်လည်းအဲ့ညက မူးနေတော့ ကွိုင်စွတ်မိသလားမစွတ်မိသလားမသိ ကိုဘိုခေါ်လာပေးတဲ့စော်နဲ့တစ်ညလုံးနေဖြစ်လိုက်မိသည်။ မနက်မိုးလင်းနိုးတော့ ဟိုစော်မရှိတော့။ ညကကဲထားတာကြောင့်လား သောက်ထားတာကြောင့်လားတော့ မသိ၊ တစ်ကိုယ်လုံးကိုက်ခဲနေသည်။ ကိုဘိုကတော့ အဆင်ပြေတယ်မဟုတ်လားတဲ့။ ကျနော်ကတော့ ခေါင်းတွေခဲနေတော့ ဘာမှကိုမ မှတ်မိချင်။ ကိုဘိုအိမ်ရှေ့မျက်နှာသစ်နေတုန်း အိမ်ကအမက လာခေါ်သည်။
ကိုဘိုကို မရူ့စိမ့်တဲ့မျက်လုံးနဲ့ကြည့်ရင်း ကျနော့ကိုပြောသည်"ဟဲ့ အမေနေမကောင်းဘူး... နင်အိမ်ပြန်လာခဲ့"
"နေစမ်းပါဟာ... နင်လဲလစ်တော့ ငါပြန်မလိုက်ဘူး"
"ဟဲ့ ငါနင့်ကို ပြန်လိုက်ဖို့ပြောနေတယ်... နင်ဒီလိုနေရာမှာနေပြီးဘာလုပ်မှာလဲ.. ဟမ်..."
"$စကားများတယ်ဟာ မလိုက်ရင်မလိုက်ဘူးပေါ့... ငါ့ဟာငါနေချင်သလိုနေမယ် စကားလာမများနဲ့..."
တဖြေးဖြေးစကားတွေအခြေအတင်များလာတော့ ကိုဘိုက ကျနော့ကို အိမ်ပြန်ဖို့ ဖျောင်းဖျတယ်။ အဲ့ဒါနဲ့ ကျနော်လဲ ကိုဘို့ကိုအားနာတာနဲ့ အိမ်ပြန်လိုက်ပြီ အမေ့ကိုတွေ့ခဲ့တယ်ပေါ့။ အမေကတော့ နေမကောင်း၍ထင်သည် အနွေးထည်အနွမ်းလေးနှင့် နည်းနည်းပိန်ကျသွားတယ်။
"သားရယ်... ဘယ်တွေများသွားနေတာလဲ.. အမေစိတ်ပူနေတာ... ငါ့သားလေး ထမင်းကော ကောင်းကောင်းစားရရဲ့လား..."
ကျနော်ဘာမှမဖြေမိ... အမကတော့ ကျနော့ကိုမသတီသလိုကြည့်ပြီး အိမ်ထဲဝင်သွားသည်... ကျနော်လည်းအမေ့ကိုစိတ်ပြေသလိုရှိလာတာနဲ့ အေးအေးဆေးဆေးစကားတွေပြန်ပြောဖြစ်လာသည်... အမေကတော့ ကျနော့ကို ရောက်လာထဲက နေမကောင်းလျက်သားနှင့်ထမင်းတွေခူးခပ်ကျွေးသော အမေ့ကိုကြည့်တော့ သနားလာမိသည်။ အဲ့တာနဲ့ ကျနော်လည်း အိမ်မှာပြန်မြဲနေလိုက်တယ်။
အိမ်မှာပြန်မြဲနေရင်းတစ်ပါတ်လောက်ကြာတော့ ပေါင်ကြားကနေ မကြာခဏဆိုသလိုယားယားလာတယ်။ အဲ့တာနဲ့ ကျန်ေလည်း အရင်ကကြားဖူးနားဝရှိသလောက် အရွယ်ရောက်လာရင် ချွေးထွက်များရင် ပွေးပေါက်တတ်တယ် ကြားဖူးတော့အမှုမဲ့အမှတ်မဲ့ထားလိုက်တယ်။ တဖြေးဖြေးနဲ့ အ၊ဲ့နေရာနားတွေကိုကုပ်မိတာကတစ်ဆင့် လက်တွေထိယားနာတွေကဆက်လာသည်။ အိမ်ပြင်ထွက်ရင်ရှက်လို့ အိမ်တွင်းပဲပုန်းနေဖြစ်တော့တယ်။ ယားနာပျောက်ဆေးတွေလိမ်းလဲ မပျောက်မပျောက်နဲ့ ကြာလာတော့ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ဖြစ်လာတယ်။ အဲ့တာနဲ့ အမေက ဆေးခန်းလိုက်ပြတော့ ဆရာဝန်ကဆေးစစ်ခိုင်းတယ်။ ဆေးစစ်ချက်က ကာလသားရောဂါဖြစ်နေသည်ကြားတော့ အမေ မျက်ရည်တွေကျလာခဲ့သည်။ ကျနော်လည်းစိတ်ဓာတ်တော်တော်ကျသွားတယ်။ အဲ့တာနဲ့ တစ်ပါတ်တစ်ခါ ဆရာဝန်ဆီမှန်မှန်ဆေးသွားထိုး နေ့တိုင်းဆေးသောက်တာနဲ့သက်သာလာခဲ့တယ်။ တစ်ဖြည်းဖြည်းသက်သာလာတော့ အိမ်မှာအနေကြာလာတာများတော့ အပြင်ထွက်ချင်လာတယ်အရင်လိုသွားနေကျနေရာတွေပြန်သွားဖြစ်တယ်။ သူငယ်ချင်းတွေကတော့ ခင်ခင်မင်မင်ရှိပေမယ့် ရပ်ကွက်ထဲကလူတစ်ချို့ကတော့ ကျနော့သတင်းဘယ်ကကြားသည်မသိ ရှောင်ဖယ်ရှောင်ဖယ်နှင့် မကြားတာကြား အတင်းတွေပြောကျတယ်။ ကျနော်လည်းစိတ်ကို အတတ်နိုင်ဆုံးလျော့ပြီး မသိသလိုနေနေခဲ့ သည်ပေါ့။ သူငယ်ချင်း အိမ်တစ်ချို့က လည်း ကျ့နောနှင့်ဘာကြောင့်မှန်းမသိ မပေါင်းခိုင်းတော့။ နောက်မှသိလိုက်ရတာ ကျနော့ကို ပြောနေကျတာ AIDS ရောဂါသည်တဲ့။ စိတ်တိုသွားတာပေါ့ ကျနော်ဆေးစစ်တုန်းက မှ ပါမှမပါလာတာ Negative ပြနေတာပဲ။ ကျနော်သူတို့နဲ့ ဝေးရာမှပဲ နေဖြစ်ခဲ့တယ်။ အမေ့ကြည့်တော့ လည်းအခုတစ်လောတရှောင်ရှောင်နဲ့ နေသိပ်မကောင်း အမကလည်းအလုပ်လုပ်နေတော့ အိမ်မှာသိပ်မရှိလှ။ ကျနော်လည်းပတ်ဝန်းကျင်နဲ့ သယဇာတမဖြစ်တော့ အိမ်မှာပဲပြန်နေဖြစ်တယ်။
ဒီလိုနဲ့ လမ်းအပြင်မထွက်တာကြာလို့ တစ်ရက်ထွက်တော့လမ်းထိပ်မှာကိုဘိုနဲ့တွေ့တယ်။ ကိုဘိုက "မင်းသတင်းကြားတယ် ဟုတ်လို့လား"တဲ့။ ကျနော်လည်း "ဟုတ်စရာလားဗျာ ဆေးစစ်ကြည့်တုန်းကရှိမှမရှိတာ။"
အဲ့တာနဲ့ ကိုဘိုက ခဏလောက်တွေးတောရင်း "မင်းဟိုးတစ်ခါ ငါ့အိမ်မှာ ဖြစ်တုန်းက ဦးထုပ်ကောစောင်းဖြစ်လား"
"မသိတော့ဘူး စောင်းဖြစ်တယ်ထင်တာပဲ"
"ဒုက္ခ... ဒါနဲ့ မင်းဆေးစစ်တာဘယ်တုန်းကလဲ"
"ကိုဘိုဆီကပြန်တော့ ဆယ်ရက်အကြာလောက်က... အခုနဲ့ဆို နှစ်လကျော်ဘီ..."
"အေး တစ်ချက်ပြန်စစ်ကြည့်လိုက်ဦး... အကူအညီလိုရင်ငါ့ကိုပြောဦး..."
"ဟုတ်ကဲ့" ကျနော်လည်းဟုတ်ကဲ့လို့သာခပ်ပေါ့ပေါ့်ဖြေရင်း ကိုဘိုလည်း ဟိုလူတွေနဲ့တူတူပါပဲ ဟုတွေးကာ အမှုမဲ့အမှတ်မဲ့ ထားမိသည်...
ခြောက်လလောက်ကြာတော့ အရင်လို အနာတွေပြန်ထွက်လာတော့ ဆေးခန်းပြန်ပြခဲ့သည်။ ဆရာဝန်ကတော့ဆေးပြန်စစ်ခိုင်းသည်။ ကျနော်လည်း အရင်တစ်ခါလိုပဲ ဘာမှအပန်းမကြီုးဆိုကာစစ်ခဲ့လိုက်တယ်။ အဖြေက နောက်သုံးရက်လောက်မှရမှာမို့ စိတ်ထဲဘာမှမတွေးမိသော်လည်း အမေ့ကြည့်ရတာ တစ်ခုခု ပူပန်နေသလိုပင်။