စဉ်းစားချိန် တန်ပြီ

စဉ်းစားချိန် တန်ပြီ

"နောင်ရဲ.... ညနေ နင် အားလား.."
"အားပါတယ်ဟ... ဘာလို့လဲ... ငါ့ကို လွမ်းတယ်ပေါ့လေ..."
"သေနာလေး... နင်နဲ့ တိုင်ပင်စရာ ရှိလို့ဟ..."
"အေးပါဟာ...နင်ကလည်း ငါ က စ တာကို...."
"အေး...ပြီးရော.... ညနေ ငါ့အလုပ်ကို လာကြိုဟာ..."
"ညနေ ၆ နာရီပဲလား...အိုခေ... ငါ လာခဲ့မယ်...

    ဟိုးအရင်ထဲက ရည်းစားမကျ၊ သူငယ်ချင်းမက၊ လင်မယားမဖြစ်တဖြစ် သူငယ်ချင်းမလေးက ဖုန်းလှမ်းဆက်တာပါ။ သူနဲ့က ငယ်ငယ်လေးထဲက အတူသွား၊ အတူစားတွေလေ။ အရွယ်ရောက်လာတော့လည်း ရည်းစားကိုယ်စီနဲ့။ ပြတ်သွားတော့မှ သူလည်း လူလွတ်၊ ကိုယ်လည်း လူလွတ် ဆိုတော့မှ ငြိကြတာပေါ့။ ဒါပေမယ့်လည်း သူငယ်ချင်းသံယောဇဉ်ကနေ လင်မယားအဖြစ် မပြောင်းနိုင်ကြဘူး။ လိင်ကိစ္စမှာသာ ဆန္ဒရှိရင် ရှိသလို သူနဲ့ လုပ်နိုင်ပေမယ့် လက်ထပ်ဘို့အထိ၊ အတူ နေဘို့အထိ မစဉ်းစားဘူး။ သူကလည်း အဲ့ဒီအတိုင်းပဲ။ အခုတော့ ၂ ယောက်သား ဂျပန်စာသင်ကျောင်းကို ဂျပန်မှာ ကိုယ်တိုင် လာတက်ပြီး၊ အတူတူ နေလာရာကနေ သူကလည်း သူ့အလုပ်က မန်နေဂျာဆိုသူနှင့် ရည်းစားဖြစ်၊ ကိုယ်ကလည်း ကျောင်းအတူတူ တက်နေတဲ့ ထိုင်းမလေးနဲ့ ရည်းစားဖြစ်ပေါ့။ ဂျပန်ထုံးစံက ကျောင်းလာတက်ရင်းနဲ့ အချိန်ပိုင်း အလုပ်လုပ်ကြတာပေါ့။ သူငယ်ချင်းမလေး လုပ်နေတာက စားသောက်ဆိုင် တစ်ခုမှာပါ။ သူကလည်း ဂျပန်စကားကို မြန်မာနိုင်ငံမှာထဲက သင်ထားတော့ အနည်းအပါး ပြောတတ်ပြီး၊ အခုလို မန်နေဂျာနဲ့ ငြိတာပေါ့လေ။ ကိုယ်ကလည်း ထိုင်းမလေးနဲ့ တစ်ပတ်ကို ၂ ခါ လောက်တော့ အတူတူ နေဖြစ်တယ်လေ။ နောက်လကျရင်တော့ တစ်အိမ်ထဲ အတူတူ နေဘို့ တိုင်ပင်ထားကြတယ်။ ဒါမှ သူ့အကြောင်း ကိုယ့်အကြောင်း လေ့လာနိုင်ပြီး အဆင်ပြေရင်တော့ ယူဘို့ အထိ ဆုံးဖြတ်ထားပါတယ်။

"နင်ကလည်း ကြာလိုက်တာဟာ... ငါ စောင့်နေတာ ကြာပြီ..."
"ဂေါ်မန့် (ဆောရီး) .... ငါ့ ကောင်မလေးကို သူတို့ ဘူတာ အထိ ပြန်ပို့ပေးနေလို့...."
"လာဟာ....ငါ ဗိုက်ဆာနေပြီ...ဒီရှေ့နားလေးမှာ လမန် (ခေါက်ဆွဲ) ကောင်းတယ်ဟ.... တွန်းကိုးစု (ဝက်ရိုးနဲ့ ချက်ထားတာ) ဆိုတော့ နင်လည်း ကြိုက်မယ်... သွားစားရအောင်..."
"သွားမယ်လေ...ငါလည်း နင်နဲ့ တွေ့မှ စားမယ် ဆိုပြီး သိပ်တောင် မစားထားဘူး..."
"ညစာ မလား...သေနာလေး..."
"ငါလည်း ညစာ ပြောတာပါဟာ... တခြားဟာ ကျွေးလည်း မငြင်းပါဘူး...ငါတို့က ငြင်းစရာ လူမှ မဟုတ်တာ...ဟားဟားဟား.."

     နောင်ရဲရဲ့ လက်မောင်းကို သူ့ရဲ့ လက်သီးဆုတ်လေးက တဖွဲဖွဲ ကျလာပြီး ရိုက်ပါတော့တယ်။ ပြီးမှ လာ... သွားမယ် ဟု ဆိုကာ နောင်ရဲ လက်မောင်းကို ချိတ်ပြီး ခေါက်ဆွဲဆိုင်ကို အတူတူ သွားကြသည်။ ခေါက်ဆွဲဆိုင်က စားကောင်းပြီး နာမည်ကြီးလို့လား မသိဘူး၊ ဆိုင်ရှေ့မှာတင် လူတွေ တော်တော်များများ တန်းစီနေကြသည်။ နောင်ရဲတို့ ၂ ယောက်ကလည်း ဒါ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဒါပဲ လုပ်ရမှ ကျေနပ်သည့် လူစားမျိုးတွေ ဆိုတော့ လူတန်းအရှည်ကြီးကို စောင့်ရတာပေါ့။ ကိုယ့်အလှည့်ရောက်တော့မှ ဆိုင်ထဲကို ဝင်ပြီး စားချင်တာကို မှာစားကြသည်။ နောင်ရဲ စားတာက တွန်းကိုးစု မိစိုး (ဝက်ရိုးနဲ့ ချက်ထားတာကိုမှ ဂျပန် ပဲပုတ်နဲ့ လုပ်ထားတဲ့ မိစိုးအနှစ် ထည့်ထားတာ) ကို ပွဲကြီး မှာလိုက်သည်။ သူငယ်ချင်းမလေးကတော့ ဟိရရှိ ချူးကာ (ခေါက်ဆွဲအေး) မှာလိုက်သည်။ ၂ ယောက် အတူတူ စားဘို့ကို ဖက်ထုပ်ပြုတ် (ယာခိဂရော်ဇာ) ထပ်မှာလိုက်သည်။ မှာထားတာတွေ လာတော့ ၂ ယောက်သား ဗိုက်ဆာဆာ နှင့် စားကြသည်။ လူကြိုက်များတာ ဘာကြောင့်ဆိုတာ ပြောဘို့ မလိုပင်။ တော်တော်လေး အရသာ ရှိသည်။ ဗိုက်ပြည့်တော့မှ ပိုက်ဆံရှင်းပြီး မစ်စတာဒိုးနပ် (mister donuts) မှာ ကော်ဖီ ဝင်သောက်ကြသည်။ ပိုက်ဆံ ရှိတဲ့သူတွေကတော့ star buck သောက်တာ များတယ်။ သူက ဈေးပိုကြီးတယ်လေ။ ကိုယ်တွေအတွက်ကတော့ အရမ်းကြီး ချိုတာ မကြိုက်တဲ့အတွက် မစ်စတာဒိုးနပ်ပဲ သွားဖြစ်တယ်။ ဈေးလည်း သက်သာတာကိုး။ ဟိုးအရင်ကိစ္စ၊ အလုပ်ကိစ္စ၊ ကျောင်းကိစ္စတွေ ပြောရင်း အချိန် ကုန်သွားတာပေါ့။ ည ၉ နာရီလောက်မှာ သူငယ်ချင်းမလေးကို အိမ်ပြန်ဘို့ ဘူတာကို လိုက်ပို့ပေးတယ်။ ဘူတာထဲ ဝင်ခါနီးမှ။

"နောင်ရဲ...နင် အိမ်မပြန်နဲ့တော့...ငါနဲ့ လိုက်ခဲ့ဟာ..."
"ဟင်...ဘာလို့လဲ....ညီမလေး မျက်ရည်ကျနေတယ်ဆိုပါတော့..."
"သေနာ....နင်ကလည်း ဒါပဲ စဉ်းစားနေတယ်...ငါ နင်နဲ့ တိုင်ပင်စရာ ရှိလို့...ငါ့အခန်းကလည်း လောလောဆယ် ဘယ်သူမှ မရှိသေးဘူး...အိမ်ငှားထပ်မရသေးလို့ဟ...မနက်ဖန် စနေနေ့ဆိုတော့ နင်လည်း ညဘက်မှ ဘိုင်တို (အချိန်ပိုင်းအလုပ်) ဝင်ရမှာမလား...ငါလည်း တူတူပဲ...လိုက်ခဲ့ဟာ...လက်ဖက်သုပ်စားရင်း ဘီယာလေးသောက်ရင်း စကားပြောရအောင်..."
"အေးပါ...ငါက ဘီယာနဲ့တင် ကျေနပ်မှာ မဟုတ်ဘူးနော်..."
"အေးပါဟယ်...နင် စားချင်တာ ကျွေးပါ့မယ်...တကထဲ...ဈေးကိုင်နေလိုက်တာ..."
"ဟားဟားဟား..ပြီးရော...သွားမယ်..."

     သူမရဲ့ အခန်းလေးက သပ်သပ်ရပ်ရပ်ပါပဲ။ မီးဖိုချောင်လည်း သန့်ရှင်းလို့။ ကြည့်ရတာ၊ ချက်ဘို့တောင် အချိန် မရလို့၊ (ပျင်းတာလည်း ပါနိုင်တယ်...အလုပ်က ပြန်လာရင် ပင်ပန်းပြီး မချက်ဖြစ်တော့ဘူးလေ)၊ ဝယ်ပဲ စားပုံပေါက်တယ်။ 

"ထိုင်ဟာ... ငါ ရေသွားချိုးလိုက်ဦးမယ်... ရေခဲသေတ္တာထဲမှာ ဘီယာရှိတယ်...ဖောက်သောက်နှင့်....ဝက်အူချောင်းကြော်တို့...အာလူးကြော်တို့လည်း ရှိမယ် ထင်တယ်...နင် ရှာကြည့်လိုက်ဟာ..."
"နေဦး...ငါလည်း 7/11 သွားလိုက်ဦးမယ်...ငါက အခုတလော နိဟွန်းရှူး (ဂျပန် အရက် များသောအားဖြင့် အရက်ပါဝင်နှုန်း ၂၀ - ၂၅ % ပါဝင်ပြီး ဆန်ကနေ ချက်တာ) ဓါတ်ကျနေတာဟ....သွားဝယ်လိုက်ဦးမယ်..."
"အေးအေး...ပြီးရော...စားပွဲခုံပေါ်မှာ အိမ်သော့ရှိတယ်...ယူသွားလိုက်....နင်ပြန်လာလို့ ငါ ရေချိုးနေတုန်းဆို နင် စောင့်နေရဦးမယ်..."
"အိုခေ..."

     အရက်သွားဝယ်ပြီး ပြန်လာတော့လည်း သူမ ပြောသည့်အတိုင်းပင် ရေချိုးခန်းထဲက မထွက်သေးတော့ ကိုယ့်ဘာသာ သော့ဖွင့်ဝင်ပြီး တီဗီဖွင့်ကာ အာလူးကြော်ထုပ်လေး ဖောက်ပြီး အရက်သောက်နေလိုက်သည်။ အရက်နှင့်အတူ ဝယ်လာသည့် သခွားသီး ဆားရည်စိမ်ထားတာလေးကလည်း ရှယ်ဂွတ်ပင်။ တအောင့်နေတော့မှ ရေချိုးခန်းထဲက ထွက်လာသည်။

"နင်ကလည်း ကြာတာဟာ... ဘာလဲ... ငါ့အတွက် စပါယ်ရှယ် ဆေးကြောသန့်စင်နေတယ်ပေါ့လေ..."
"သေနာလေး...နင်လည်း ဒီထဲကနေကို မထွက်တော့ဘူး.... ငါ အသန့်ကြိုက်တာလည်း နင်သိသားနဲ့..."
"ဟားဟား...အေးပါ... ငါ စားချင်တာတော့ ကျွေးမှာမလား..."
"အေး...ပြီးရင် သုပ်ပေးမယ်...လက်ဖက်သုပ်..."
"ငါကလည်း နင့်ကို သုတ်ကျွေးပါ့မယ်ဟာ..."
"မသာကောင်.... ငါ အဝတ်သွားဝတ်လိုက်ဦးမယ်....အေးဆေး ထိုင်ဦး..."

     အိမ်နေရင်း အဝတ် ဝတ်လာသော်လည်း အရမ်းမိုက်ပါသည်။ ကြားဖူးမှာပေါ့။ မိန်းမတစ်ယောက်ရဲ့ အလှဆုံးအချိန်ကို ကြည့်ချင်ရင် အိပ်ရာထစ အချိန်နဲ့ ရေချိုးပြီးစ အချိန်ကို ကြည့်တဲ့။ တကယ်ပါ။ သူမ အရမ်း လှပါသည်။ လျှော်ထားတာ မခြောက်တခြောက် ဖြစ်နေတဲ့ ဂုတ်နည်းနည်းလေး ကျော်နေတဲ့ သူမ ဆံပင်ကို ဒီအတိုင်းလေး ဖားလျားချထားတာ အရမ်း ကြည့်ကောင်းပါသည်။ နောင်ရဲနှင့် အတူလာထိုင်ပြီး ဘီယာဗူးကို ဗောက်ကာ တငုံ သောက်ပြီး သခွားသီးဆားရည်စိမ်ကို ကောက်ဝါးလိုက်သည်။

"အား...ကောင်းမှ ကောင်းပဲ....ဒီလို ပင်ပန်းလာတဲ့ အချိန်လေးမှာ ရေလေးချိုးပြီး...ဘီယာသောက်ရတာ တကယ့်မိုက်ပဲနော်..."
"အေးဟ...ငါတို့တွေ ရန်ကုန်မှာတုန်းက ဘီယာ အဲ့လောက် မသောက်ဖြစ်ဘူးနော်...ဒီရောက်မှ အလုပ် ပင်ပန်းတာနဲ့ ကျောင်းက ပင်ပန်းတာနဲ့ ပေါင်းပြီး ညကျမှ ဘီယာလေး ကစ်ပြီး အမောဖြေရတာ..."
"ဆိုပါဦး...နင်က ဘာလို့ နိဟွန်းရှူးကို ဓါတ်ကျနေတာလဲ..."
"ဒီလိုပါပဲဟာ...အရင်က ဘီယာကြိုက်တော့ ဘီယာပဲ လှိမ့်သောက်ဖြစ်တာ...ဟိုတခေါက်ကမှ ကျောင်းက ဘော်ဒါတွေနဲ့ စုပြီး သောက်တော့ ဒီကောင်တွေက နိဟွန်းရှူးသောက်ကျတယ်လေ...ငါလည်း သောက်ကြည့်ရင်း ကြိုက်လို့...မိုက်တယ်ဟ...ဘီယာသောက်ရင် ဗိုက်လည်း ပူမှာဆိုတော့ မူးတာချင်းအတူတူ နိဟွန်းရှူးပဲ သောက်မယ် ဆိုပြီး ပြောင်းသောက်တာ..."
"ဟုတ်တယ်...တကယ် ကောင်းလို့လား..."
"ကောင်းတယ်...မွှေးနေတာပဲ...နင် သောက်ကြည့်လေ...ရော့...ပါးစပ်ထဲ စိမ်ပြီး အရသာခံကြည့်"

     နောင်ရဲရဲ့ ခွက်ကို လှမ်းယူလိုက်ပြီး ခွက်ဝကို နှာခေါင်းနားမှာ ထားပြီး အနံ့ခံကြည့်လိုက်သေးသည်။ "အေး... မွှေးသားဟ" ဟု ဆိုကာ ပါးစပ်ထဲထည့် ငုံကာ အရသာ ဆက်ခံသည်။ "သောက်လို့ ကောင်းသားဟ" ဟု ဆိုကာ ခွက် ပြန်မပေးတော့။ နောင်ရဲလည်း နောက် ခွက် တစ်ခွက် ယူကာ ကိုယ့်အတွက် ကိုယ် ထည့်ရသည်။ ထွေရာလေးပါးလေး ပြောလိုက်၊ အစာလေး စားလိုက်၊ အရက် သောက်လိုက်နှင့် ညတောင် တော်တော် နက်လာသည်။ သူမ ပြောချင်တဲ့ စကားကို အခုထိ မပြောသေးဘူး။ သူ ကိုယ်တိုင်တောင် မပြောသေးတာ ကိုယ်ကလည်း မမေးတော့ဘူးလေ။ တော်တော်လေးလည်း ကောင်းလာတော့ အိပ်ဘို့ ပြင်ရတော့သည်။ ရေချိုးခန်း ခဏ ငှားကာ ရေဝင်ချိုးလိုက်သည်။ သူမ ကတော့ သွားတိုက်နေလေရဲ့။ ရေချိုးခန်းက ထွက်ပြီးမှ ဘေစင်မှာ ရှိတဲ့ အာလုတ်ကျင်းတဲ့ ဆေးရည်နဲ့ ဆေးလိုက်သည်။ ပြီးတော့မှ ပြန်ထွက်လာပြီး ရေ တဝ သောက်လိုက်သည်။ အရက် သောက်ထားပြီးရင် ရေ တဝ သောက်လိုက်ရမှ နေသာထိုင်သာ ရှိသည်။ အဝတ်ကတော့ အောက်ခံ ဘောင်းဘီ ဘောက်ဆာ (boxer) လေးနဲ့ပဲ အိပ်ရာမှာ လှဲနေတဲ့ သူမ ဘေး ဝင်အိပ်လိုက်တော့သည်။ သူမနှင့်က ဘာဆို ဘာမှ ပြောစရာ မလိုတဲ့ လူတွေလေ။ နောင်ရဲလည်း သူမဘေး ရောက်လာရော၊ ဟိုဘက်လှည့်အိပ်ရာကနေ နောင်ရဲလက်ကို ခေါင်းအုံးပြီး လှည့်လာသည်။ ဇာတ်တိုက်ထားသည့်အလား၊ ကျင့်သားရနေသည့်အလား၊ အနမ်းတွေ ခြွေသည်။ လျှပ်စီးလက်သည်။ မိုးကြိုးပစ်သည်။ နောက်ဆုံး ပန်းအိုးကွဲပြီး၊ သွားတိုက်ဆေးဗူးထဲက သွားတိုက်ဆေးတွေ ထွက်ကုန်သည်။ လိပ်ပြာတွေ ပျံဝဲသွားသည်။

"ကောင်းလိုက်တာဟယ်...ငါ့မှာ ဆာလိုက်တာ ဆိုတာ...ခုမှပဲ အာသာပြေတော့တယ်..."
"နင်ကလည်း ဘဲ ရနေတာတောင်မှပဲ...နင်တို့ အတူတူ မနေသေးဘူးလား..."
"ငါတို့က ခဏ ခဏ မနေဖြစ်ဘူးဟ.... ပြီးတော့ နင့်ကို ပြောစရာ ရှိတယ်ဆိုတာ... ခုမှ ပြောမလို့... နင် ငါ့ဘဲနဲ့ လိုက်တွေ့ပေးပါလားဟာ..."
"အန်...ဘာဖြစ်လို့လဲ.."
"ငါတို့က ငယ်သူငယ်ချင်းတွေဆိုတာ သူသိတယ်လေ...နင်နဲ့လည်း တွေ့ဖူးတာပဲဟာ...ဒါပေမယ့် စကား ကောင်းကောင်း မပြောဖူးဘူးမလား..."
"အင်း..အဲ့ဒါတော့ ဟုတ်ပါတယ်..."
"သူ့ကို အကဲခတ်ခိုင်းမလို့ဟ..."
"ရပါတယ်....ပြော...သမီးရဲ့ ကောင်လေးကို အဖေ က ဘယ်နေ့ တွေ့ပေးရမလဲ.."
"သေနာကောင်...လာနောက်ပြန်ပြီ...ဘာအဖေလဲ..."
"မွေးစားအဖေလေ...အခုတောင် မွေးစားထားတာ..ဟားဟား...."
"တော်ပြီ..နောက်မနေနဲ့တော့... ငါ နောက်တစ်ပတ်ကို စီစဉ်လိုက်မယ်... ငါတို့ အွန်းစန်း (ရေပူစမ်း) သွားကျမယ်ဟာ...ဒါဆို နင်တို့ ယောက်ျားလေးတွေချည်းပဲ ဝင်ကျတော့ ငါမပါတော့ နင်တို့ အချင်းချင်း စကားပြော လွတ်လပ်တာပေါ့... ပြီးတော့ နင့်ကောင်မလေးလည်း ခေါ်လာဦး...ဒယ်ဘယ်ဒိတ် (double date) ပေါ့ဟာ..."
"အေးအေး...စီစဉ်လိုက်ပါဟာ... အခု လောလောဆယ် နင့်ကို သုတ်ကျွေးတာ မဝသေးဘူးနဲ့ တူတယ်ဟ...ငါ့ညီလေးကို ကြည့်ဦး...ခေါင်း ပြန်ထောင်လာပြီ...."
"လွန်လွန်းတယ်...နင်ကတော့...."

     မီးပျက်တုန်း ဖယောင်းတိုင်ထွန်းထားချိန် လေတိုက်ပြီး ဖယောင်းတိုင်မီးငြိမ်းသွားပါသည်။

     နောက်တစ်ပတ်တော့ သူမ စီစဉ်ထားသည့်အတိုင်း ရေပူစမ်းကို သွားကြသည်။ ညအိပ် ခရီးပေါ့။ နောင်ရဲလည်း နောင်ရဲ ကောင်မလေး ထိုင်းမလေးကို ခေါ်လာလိုက်သည်။ နေ့ခင်းဘက် ၃ နာရီလောက်မှာ ရောက်ကြသည်။ ကိုယ်စီ ကိုယ်စီ အခန်းထဲ ဝင်ကြပြီး၊ ရေခဲချောင်းစုပ်လိုက်၊ ဘာဂျာမှုတ်လိုက်၊ အုန်းပင်စိုက်လိုက်နှင့် ညနေ ၅ နာရီလောက်မှ ပြန်ထွက်လာကြသည်။ ည ၇ နာရီကို ထမင်းစားချိန်မို့လို့၊ အရင်ဆုံး ရေပူစမ်းဝင်ကြမည် ဖြစ်သည်။ သူငယ်ချင်းမလေးနှင့်အတူ ကိုယ့်ကောင်မလေးကလည်း မိန်းကလေးတွေ အတွက်ထားတဲ့ ရေပူစမ်းထဲ ဝင်သွားသည်။ နောင်ရဲလည်း ဂျပန်ကောင်နှင့်အတူ ဝင်လာသည်။ ဂျပန်ကောင်က မွန်မွန်ရည်ရည် သန့်သန့်ရှင်းရှင်းပင်။ ဗလတွေ ဘာတွေတောင် ရှိလို့။ အသက်ကလည်း ကိုယ်တွေနှင့် မတိမ်းမယိမ်းပင် ဖြစ်သည်။ အဝတ်အစား ချွတ်ပြီးတော့မှ သဘက်အပိုင်းလေးကို ရှေ့မှာ ကာပြီး ရေပူစမ်းထဲ ဝင်စိမ်ကြတာ ဖြစ်သည်။ ရေပူစမ်းထဲ မစိမ်ခင် ဘေးနားမှာ ရေပန်းတွေ၊ ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေ ထားပေးထားလို့၊ အရင်ဆုံး ရေချိုးရသည်။ ပြီးမှ ဝင်ရတာ ဖြစ်သည်။ အဲ့မှာ ဖြတ်ကနဲ တွေ့လိုက်ရတာက ဂျပန်ကောင်ရဲ့ လိင်တံပါ။ ကိုယ်ဟာ ရုတ်တရက် အံ့အားသင့်သွားမိသည်။ သူငယ်ချင်းမလေးကိုလည်း သတိရသွားပြီး သူ ငါ့ကို ပြောချင်နေတာ ဒါကိုးလို့ ရိပ်မိသွားသည်။ ရေပူစမ်းကနေ ထွက်လာကျတော့ သူငယ်ချင်းမလေးနှင့် ကိုယ့်ကောင်မလေးက ဂျပန်ဝတ်စုံလေးတွေနှင့် အလှချင်း ပြိုင်နေသည်။ ကိုယ့်ကောင်မလေးရဲ့ ရင်သား၊ တင်ပါးတွေကို မျက်ရိပ်နဲ့ ပြပြီး လက်မ ထောင်ပြသည်။ နောင်ရဲအတွက်ကတော့ ၂ ယောက်လုံးက ပစ္စည်းအမိုက်စားတွေပါလို့ သတ်မှတ်ထားသည်။ ကိုယ်ကလည်း ဂျပန်ကောင်ဘက်ကို မျက်ရိပ်ပြပြီး နင် စဉ်းစားတော့နော် လို့ ပြောလိုက်သည်။ ဟုတ်တယ်။ တကယ်ကို စဉ်းစားသင့်သည်လေ။ ဘာကြောင့်ဆိုတာတော့ မပြောတော့ဘူးနော်။ ရိပ်မိမယ် ထင်တယ်။

ခင်တဲ့
နောင်ရဲ (၂၀၁၈၊ စက်တင်ဘာ)